တိုင်းအစိုးရ ၀န်ကြီးသစ် ၃ ဦးသမ္မတအတည်ပြုခန့်အပ်
DVB
·
January 30, 2018
တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးသစ် ၃ ဦးကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဇန်န၀ါရီ ၂၉ ရက်နေ့မှာ အတည်ပြုခန့်အပ်လိုက်ပါတယ်။
ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာ၀၀တ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဒေါက်တာ စောညိုဝင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးအဖြစ်ဒေါ်ညွန့်ညွန့်ဌေးနဲ့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး အဖြစ် ဦးတင်အောင်ဝင်းတို့ကို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ဒေါ်ပိုက်ပိုက်အေးကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့လည်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။