မြန်မာ့လက်ရာပွဲတော် ရန်ကုန်မြို့တွင် ကျင်းပမည်
သူဇာလင်း
·
January 29, 2018
မြန်မာအနုပညာလက်ရာတွေကို ဖော်ထုတ်ပြီး တစ်စုတစ်ဝေးတည်း လေ့လာနိုင်ဖို့နဲ့ မြန်မာ့ယဉ်ကျေးမှု အနုလက်ရာတွေကို ပြည်တွင်းပြည်ပက ဧည့်သည်တွေလာရောက်လေ့လာပြီး ကမ္ဘာသို့ ပျံ့နှံ့စေဖို့ ရည်ရွယ်ပြီး မြန်မာ့လက်ရာပွဲတော်ကို ကျင်းပသွားဖို့ရှိပါတယ်။
မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ၃ ရက်တာ ကျင်းပမယ့် မြန်မာ့ လက်ရာပွဲတော်ကို ရန်ကုန်မြို့ အင်းယားလမ်းမှာရှိတဲ့ စိမ်းလန်းစိုပြေမှာ ကျင်းပသွားမှာပါ။
ပြခန်းပေါင်း ၁၂ ခန်း ပါဝင်ပြသမယ့် မြန်မာ့လက်ရာပွဲတော်မှာ အင်းလေးကြာထည်နဲ့ ပိုးထည်လုပ်ငန်း၊ ကချင်ရိုးရာ ဂျပ်ခုပ်လုပ်ငန်း၊ ချင်းရိုးရာ ဂျပ်ခုပ်လုပ်ငန်းနဲ့ မွန်ရိုးရာ ဆေးတံနဲ့ ကျောက်သင်ပုန်းလုပ်ငန်းစတဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာလုပ်ငန်းတွေကို ပြသမှာ ဖြစ်ပါတယ်။