အိုင်အက်စ်ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် အမေရိကန်က ရဟတ်ယာဉ်များ ဂျော်ဒန်သို့ ပေးပို့

1.2K
အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်ဖို့ ဂျော်ဒန်နိုင်ငံကို အမေရိကန်နိုင်ငံက Black Hawk ရဟတ်ယာဉ်တွေ ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပေးပို့လိုက်ပါတယ်။
ရဟတ်ယာဉ်တွေ လွှဲပြောင်းတဲ့ အခမ်းအနားကို ဇာကာခရိုင်ထဲက ဒုတိယမြောက်ဘုရင် အဗ္ဗဒူလာ လေတပ်စခန်းမှာ ပြုလုပ်ခဲ့တာပါ။
ဂျော်ဒန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အကြီးအကဲကတော့ အမေရိကန်အစိုးရအနေနဲ့ ဂျော်ဒန်တပ်ဖွဲ့တွေကို နယ်စပ်ကာကွယ်ရေးတွေ လုပ်နိုင်အောင် ဆက်ပြီး ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။
အခုတကြိမ်အပါအဝင်ဆိုရင် အမေရိကန်က ဂျော်ဒန်နိုင်ငံကို ရဟတ်ယာဉ်တွေ လွှဲပြောင်းပေးတာ ၉ လအတွင်း ၁၂ စင်း ရှိသွားပါပြီ။
အမေရိကန်ဦးဆောင်တဲ့ အိုင်အက်စ်အဖွဲ့ နှိမ်နင်းရေးလုပ်ငန်းမှာ ပါဝင်တဲ့ အာရပ်နိုင်ငံတချို့ထဲမှာ ဂျော်ဒန်နိုင်ငံလည်း ပါဝင်ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဆီးရီးယားပဋိပက္ခ စတင်ကတည်းက အီရတ်နဲ့ ဆီးရီးယားနိုင်ငံထဲက စစ်သွေးကြွတွေ စိမ့်ဝင်လာတာကို တားမြစ်ဖို့ ဂျော်ဒန်နိုင်ငံရဲ့ နယ်စပ်လုံခြုံရေး ထောက်လှမ်းမှု တိုးလုပ်နိုင်အောင် အမေရိကန်နိုင်ငံက ဒေါ်လာသန်းချီ အကုန်ကျခံခဲ့ပါတယ်။