Home
မြန်မာသတင်း
ကျောင်းထုတ်ခံရသူများကို အမြန်ဆုံးကျောင်းပြန်တက်ခွင့်ပေးရန် NNER တောင်းဆို
DVB
·
January 29, 2018
  သင်တန်းရပ်စဲခံရတဲ့ မန္တလေးရတနာပုံတက္ကသိုလ်က ကျောင်းသူကျောင်းသားအားလုံးကို ကန့်သတ်ချုပ်ချယ်မှုတွေမရှိဘဲ ဂုဏ်သိက္ခာရှိစွာ အမြန်ဆုံးကျောင်းပြန်တက်ခွင့်ပေးဖို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)က တောင်းဆိုပါတယ်။ ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေကို  ကျောင်းထုတ်လိုက်တာနဲ့ ပက်သက်ပြီး ဇန်န၀ါရီ ၂၉ ရက်စွဲနဲ့ သဘောထားကြေညာချက်ထုတ်ပြန်လိုက်တာပါ။ ကျောင်းသူကျောင်းသားတွေရဲ့ ဂုဏ်သိက္ခာထိခိုက်ညှိုးနွမ်းစေတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ဖျက်သိမ်းပေးပြီး ဒီမိုကရေစီအလေ့အထတွေ ဖွံ့ဖြိုးစေတဲ့ ကျောင်းသားအခွင့်အရေးကို အပြည့်အ၀ ကာကွယ်ပေးရန်ဖို့လည်း NNERက တောင်းဆိုပါတယ်။ ကျောင်းသားတွေကို အင်အားသုံးဖမ်းဆီးတာ၊ ကျောင်းထုတ်တာဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ပြီး အာဏာရှင်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ လုပ်ရပ်တွေဖြစ်တယ်၊  ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုအတွက် တာဝန်ယူတောင်းဆိုတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ တာဝန်သိစိတ်ကို အားပေးကူညီရမည့်အစား ဖိအားပေး အကျပ်ကိုင်တာကို စိတ်ပျက်ဖွယ်ရာတွေ့ရှိရတယ်၊ ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့်ဖြစ်ပေါ်လာတဲ့ တရားမျှတမှုမရှိတဲ့အမိန့်၊ ဥပေဒ၊ ဆုံးဖြတ်ချက်တွေကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024