ဘီလ်ဘာအို နောက်ခံလူကို ပေါင် ၅၇ သန်းဖြင့် မန်စီးတီး ခေါ်ယူတော့မည်

မန်စီးတီးအသင်းဟာ စပိန်ကလပ် ဘီလ်ဘာအိုနောက်ခံလူ လာပေါ်တေးကို  စာချုပ်ပါလျော်ကြေး ပေါင် ၅၇ သန်းပေးပြီး အပြောင်းအရွှေ့မပိတ်ခင် ခေါ်ယူတော့မှာဖြစ်ပါတယ်။ အသက် ၂၃ နှစ်ရှိ ပြင်သစ်ကစားသမား လာပေါ်တေးဟာ အပြောင်းအရွှေ့ကိစ္စတွေကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ အီဘာနဲ့ပွဲမှာ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ ဘီလ်ဘာအိုအသင်းဟာ နောက်ခံလူ လာပေါ်တေးကို စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၅၇ သန်း သတ်မှတ်ထားကာ မန်စီးတီးအသင်းက အဲဒီပမာဏကို ပေးပြီး ခေါ်ယူဖို့ အသင့်ဖြစ်နေတာပါ။ လာပေါ်တေးဟာ ၂၀၁၂ ခုနှစ်ကတည်းက ဘီလ်ဘာအိုအသင်းမှာ ရောက်ရှိနေတာဖြစ်ပြီး စုစုပေါင်း ၂၂၂ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up