A d v e r t i s e m e n t With Us

ဆယ်ကျော်သက်ကျောင်းသူကို လိင်ပိုင်းစော်ကားခဲ့ကြောင်း ကျောင်းအုပ်ချုပ်ရေးမှူး ဝန်ခံမည်

ဓာတ်ပုံ - Prasit Tangprasert
ထိုင်းနိုင်ငံမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသူကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ကျောင်းအုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဝန်ခံတော့မယ်လို့ ဘူရာယိုင်ရဲချုပ် ခါရွမ်ဘွန်ဆော့ဒ်က ဇန်နဝါရီ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဘူရာယိုင်ခရိုင်က ဝက်ဘန်ပတန်ထာနီယွန်ဆာမက်ခီးကျောင်းက အသက် ၅၁ နှစ်အရွယ် အုပ်ချုပ်ရေးမှူး နာထာဖော့ပ်ဘွန်ထွန်(င်)ထိုဟာ ထောက်လှမ်းရေးတွေကို ဆက်သွယ်ပြီး လာမယ့် ဇန်နဝါရီ ၃၁ ရက်မှာ သူ့အမှုအတွက် ဝန်ခံအကြောင်းကြားမယ်လို့ ပြောကြောင်း ရဲချုပ်ခါရွမ်က ပြောပါတယ်။ ဒါပေမယ့် အဲဒီနေ့ ဘယ်အချိန်မှာ လာပြီးဝန်ခံမယ်ဆိုတာတော့ ကျောင်းအုပ်ချုပ်ရေးမှူးက မပြောပါဘူး။ မစ္စတာနာထာဖော့ပ်က ကျောင်းက ၉ တန်းကျောင်းသူ မာထာရွမ်စုက်စာ ဆိုတဲ့ ကောင်မလေးအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်ခဲ့တယ်လို့ ကောင်မလေး ရည်းစားဟောင်းရဲ့ မိခင်ဖြစ်သူက အမှုဖွင့်ခဲ့ပေမယ့် သူကတော့ အမှုလာ ရင်မဆိုင်ခဲ့ပါဘူး။ အုပ်ချုပ်ရေးမှူးအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး အားလုံးတရားမျှတဖို့ အာမခံလောက်တယ်လို့ ရဲချုပ်ခါရွမ်က ပြောလိုက်ပြီး မစ္စတာနာထာဖော့ပ်က နောက်ထပ် အသက် ၁၃ နှစ်အရွယ် ၉ တန်းကျောင်းသူကို လိင်ပိုင်းဆိုင်ရာ စော်ကားလို့ သူမရဲ့မိဘတွေက စွဲဆိုထားတဲ့ အမှုနဲ့လည်း ရင်ဆိုင်နေရတာပါ။ ထောက်လှမ်းရေးတွေက ကျောင်းသူနဲ့ မိဘတွေအပါအဝင် မျက်မြင်သက်သေ တော်တော်များများကိုလည်း စစ်ဆေးခဲ့ပါတယ်။ သူ့အပေါ် စွဲဆိုထားတဲ့ အမှုအသစ်နဲ့ပတ်သက်လို့ စုံစမ်းမှု ဒီအပတ်ထဲမှာ ပြီးဆုံးမယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီ ၂၈ ရက်က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up