ရုရှားအတိုက်အခံခေါင်းဆောင်ကို ရဲတပ်ဖွဲ့ အတင်းအကျပ် ချုပ်နှောင်ဖမ်းဆီး (ရုပ်သံ)

ရုရှားအတိုက်အခံခေါင်းဆောင် အလက်စီ နာဗယ်လ်နီ (Alexei Navalny) ကို မြို့တော်မော်စကိုမှာ ရဲတွေက ဇန်နဝါရီ ၂၈ ရက်နေ့မှာ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ မြို့လယ်ကောင်က ကရင်မလင် အဆောက်အဦနဲ့ သိပ်မဝေးလှတဲ့ နေရာတခုမှာ ရာနဲ့ချီတဲ့ ထောက်ခံဆန္ဒပြသူတွေနဲ့ သွားတွေ့နေတုန်း နာဗယ်လ်နီ အဖမ်းခံရပုံရုပ်သံကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ နာဗယ်လ်နီကို ထောက်ခံသူတွေရဲ့ ဆန္ဒပြမှုဟာ တရားမဝင်ဘူးလို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။ နာဗယ်လ်နီဟာ ခဏတာ လမ်းလျှောက်နေချိန်မှာပဲ ရဲတွေရဲ့ လမ်းပေါ်လှဲချ ချုပ်နှောင်ပြီး ရဲကားပေါ် ဆွဲခေါ်သွားတာကို ခံခဲ့ရတာပါ။ ဇန်နဝါရီ ၂၈ ရက် အစောပိုင်းကလည်း ဗုံးခြိမ်းခြောက်မှု အစီရင်ခံစာတွေကို ကိုးကားပြီး ရဲတပ်ဖွဲ့က နာဗယ်လ်နီရဲ့ ဌာနချုပ်ကို စက်တွေသုံးပြီး အတင်းဝင်စီးဖို့ ကြိုးစားခဲ့တယ်လို့ နာဗယ်လ်နီကို ထောက်ခံသူတွေက အွန်လိုင်းပေါ်မှာ ဖော်ပြခဲ့ကြပါတယ်။ မတ်လ ၁၈ ရက်မှာပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပိတ်ပင်ခံထားရတဲ့ နာဗယ်လ်နီက သမ္မတပူတင် ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် မဲအပြတ်အသတ်နဲ့ အနိုင်မရအောင်လို့ နာဗယ်လ်နီကို ထောက်ခံတဲ့ အဖွဲ့အစည်းတွေက ဆန္ဒပြနေကြတာပါ။ အခုရွေးကောက်ပွဲမှာ သမ္မတပူတင်က အလွယ်တကူ အနိုင်ရနိုင်တယ်လို့ ကောက်ယူထားတဲ့ စစ်တမ်းတွေက ဖော်ပြကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up