ရော်ဂျာဖက်ဒါရာ သြစတြေးလျအိုးပင်း ချန်ပီယံဆု ရရှိ

ဓာတ်ပုံ - Getty
1.1K
ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာဟာ သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ရရှိပြီးနောက် ဆု ၂၀ မြောက် ဂရင်းဆလင်း ချန်ပီယံဘွဲ့ကို ပထမဆုံးရရှိသူ ဖြစ်လာခဲ့ပါတယ်။
ဖက်ဒါရာဟာ ခရိုအေးရှား တင်းနစ်ကစားသမား စီလစ်ကို ၅ ပွဲ ကစားခဲ့ရပြီး ၆-၂၊ ၆-၇၊ ၆-၃၊ ၃-၆၊ ၆-၁ နဲ့ အနိုင်ရရှိခဲ့တာပါ။
ကမ္ဘာ့အဆင့် ၂ တင်းနစ်ကစားသမား ဖက်ဒါရာဟာ စီလစ်ကို လွယ်လွယ်ကူကူ အနိုင်ရရှိခဲ့တာ မဟုတ်ပေမယ့် အတွေ့အကြုံနဲ့ အကောင်းဆုံးထိန်းသိမ်းပြီး ကစားနိုင်ခဲ့လို့ ချန်ပီယံဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဖက်ဒါရာဟာ ဂရင်းဆလင်းပြိုင်ပွဲတွေဖြစ်တဲ့ ဝင်ဘယ်လ်ဒန်ဖလား ၈ ကြိမ်၊ သြစတြေးလျအိုးပင်း ၆ ကြိမ်၊ ယူအက်စ်အိုးပင်း ၅ ကြိမ်နဲ့ ပြင်သစ်အိုးပင်း ၁ ကြိမ် ရရှိထားပါတယ်။
အခုပွဲမှာ ဆုဖလားရရှိခဲ့တာကြောင့် ကမ္ဘာ့နံပါတ် ၁ နေရာကို ပြန်လည်ရရှိဖို့ နီးစပ်လာခဲ့သလို ကမ္ဘာ့နံပါတ် ၁ ရာဖေးလ်နာဒယ်နဲ့လည်း ၁၅၅ မှတ်သာ ကွာဟပါတော့တယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖက်ဒါရာဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြောင့် ပြိုင်ပွဲတချို့နဲ့ လွဲချော်ခဲ့ရပေမယ့် ပြန်လည်သက်သာလာချိန်မှာ အကောင်းဆုံးပုံစံ ရရှိခဲ့ပြီး နိုင်ပွဲတွေ ဆက်နေခဲ့တာလည်း ဖြစ်ပါတယ်။