A d v e r t i s e m e n t With Us

အီကီရာပရိဘောဂ တည်ထောင်သူ အသက် ၉၁ နှစ်အရွယ်တွင် သေဆုံး

ဓာတ်ပုံ - dailysabah
အီကီရာ ပရိဘောဂဆိုင်ခွဲတွေ တည်ထောင်သူ ဆွီဒင်လူမျိုး အင်ဂ်ဗာကမ်ပရက်ဒ်ဟာ အသက် ၉၁ နှစ်အရွယ်မှာ သေဆုံးသွားတယ်လို့ ကုမ္ပဏီက ကြေညာကြောင်း ဘီဘီစီသတင်းမှာ ဇန်နဝါရီ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။ မစ္စတာကမ်ပရက်ဒ်က ဆွီဒင်နိုင်ငံတောင်ပိုင်း စမိုလန်းခရိုင်က သူ့အိမ်မှာ သေဆုံးခဲ့တယ်လို့ အီကီရာကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပြီး မစ္စတာကမ်ပရက်ဒ်ဟာ “၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး စီးပွားရေး စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ကြီး” လို့လည်း ကုမ္ပဏီက ပြောပါတယ်။ အီကီရာတည်ထောင်သူက သူ့ရဲ့အတိတ်မှာ နာဇီတွေနဲ့ပတ်သက်မှု ရှိခဲ့တာအတွက် မေးခွန်း မေးမြန်းခံခဲ့ရပြီး ဒီအချက်က သူ့ဘဝရဲ့ အကြီးကျယ်ဆုံး မှားယွင်းမှုလို့လည်း သူက ရည်ညွှန်းခဲ့ပါတယ်။ မစ္စတာကမ်ပရက်ဒ်ကို ၁၉၂၆ ခုနှစ်၊ စမိုလန်းခရိုင်မှာ မွေးဖွားခဲ့ပြီး သူ့အသက် ၁၇ နှစ်မှာ အီကီရာကုမ္ပဏီကို တည်ထောင်ခဲ့တာပါ။ သူ့ရဲ့အိမ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန်သွားပြီလို့ အီကီရာရဲ့ ထုတ်ပြန်ချက်က ပြောထားပါသေးတယ်။ သူတို့ရဲ့ ပရိဘောဂပစ္စည်းတွေက ရိုးရှင်းပြီး အဖိုးထိုက်တန်လို့ ကုမ္ပဏီရဲ့ ဒီဇိုင်းတွေကို လူကြိုက်များတယ်၊ မစ္စတာကမ်ပရက်ဒ်ရဲ့ ဖန်တီးမှုတွေက လူတွေလုပ်ခဲ့တဲ့ပုံစံတွေကို လုံးဝပြောင်းလိုက်ပြီး ပစ္စည်းတွေကို အိမ်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တယ်လို့ ပရိဘောဂ ဒီဇိုင်းဆရာ ဂျက်ဖ်ဘန့်က်က ပြောပါတယ်။ “လူတွေက ကျနော်တို့ပုံကို ပုံတူကူးပြီး ပြန်ုထုတ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် လုံးဝမအောင်မြင်ဘူး” လို့လည်း မစ္စတာဘန့်က်က ပြောပါတယ်။ ဆိုင်တွေကတဆင့် ထုတ်လုပ်ရောင်းချတဲ့ ပရိဘောဂဒီဇိုင်းတွေက ပြန်လည်သုံးစွဲလို့ရတဲ့ ကုန်ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး မစ္စတာကမ်ပရက်ဒ်ကတော့ ပြိုင်ဘက်ကင်းပြီး အားလုံးထက် ကောင်းမွန်သာလွန်သူလို့ မစ္စတာဘန့်က်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up