A d v e r t i s e m e n t With Us

ပရိသတ်အတွက် ရယ်မောစရာဖြစ်ခဲ့သည့် ပင်နယ်တီဘုရင် ရော်နယ်ဒို (ရုပ်သံ)

ရီးရဲမက်ဒရစ်အသင်းရဲ့ ပင်နယ်တီဘုရင်လို့ နာမည်ကြီးတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ပင်နယ်တီသွင်းဂိုး ၂ ဂိုးထပ်မံသွင်းယူခဲ့ပြန်ပါတယ်။ ဗလင်စီယာ အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပထမပိုင်းပွဲကစားချိန်အတွင်းမှာတင် ပင်နယ်တီ ၂ ဂိုးသွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ ဟာသလုပ်ရပ်တခုဟာလည်း ပရိသတ်တွေအတွက် ရယ်မောစရာဖြစ်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၄ မိနစ်မှာ နောက်ခံလူ မာဆယ်လိုက ရီးရဲလ်မက်ဒရစ်အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီးတော့ အောင်ပွဲခံတဲ့ အချိန်မှာ ရော်နယ်ဒိုက မာဆယ်လိုရဲ့ တင်ပါးကို လက်နဲ့နှိုက်ပြီး ကျီစားခဲ့တာဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ တတိယနေရာက ဗလင်စီယာအသင်းနဲ့ ၂ မှတ်သာ ကွာဟပါတော့တယ်။

A d v e r t i s e m e n t With Us

More News
Up