A d v e r t i s e m e n t With Us

ဖမ်းဝရမ်းထုတ်မှု ဖယ်ရှားပေးရန် ၀ီကီလိခ်စ်တည်ထောင်သူ ပြော

ဝီကီလိခ်စ်အင်တာနက်စာမျက်နှာ တည်ထောင်သူ ဂျူလီယန် အာဆန်က ဗြိတိန်နိုင်ငံအနေနဲ့ သူ့အပေါ် ဖမ်းဝရမ်း ထုတ်ထားတာကို ဖယ်ရှားပေးဖို့ ဇန်နဝါရီ ၂၆ ရက်နေ့က လန်ဒန်တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။ တကယ်လို့ တရားရုံး လျှောက်ထားချက် အောင်မြင်ခဲ့ရင် လန်ဒန်မြို့ အီကွေဒေါ သံရုံးထဲမှာ ခိုလှုံနေရာကနေ ထွက်ခွာခွင့် ရနိုင်မှာပါ။ “အမှုကိစ္စ မရှိဘဲ သံရုံးထဲမှာ နေရောင်နဲ့ မထိဘဲ ၇ နှစ် နေခဲ့ရတယ်။ သားသမီးတွေက ကိုယ်မရှိဘဲ ကြီးပြင်းရတယ်။ ဒါဟာ ခွင့်လွှတ်နိုင်၊ မေ့နိုင်တဲ့ကိစ္စ မဟုတ်ဘူး” လို့ အာဆန်က ပြောပါတယ်။ အသက် ၄၆ နှစ်အရွယ် အာဆန်ဟာ ၂၀၁၂ ခုနှစ်ထဲက အီကွေဒေါ သံရုံးထဲမှာ ခိုလှုံနေရတာပါ။ အဓမ္မပြုကျင့်မှု စွဲချက်ကြောင့် ဆွီဒင်နိုင်ငံကို တရားခံအဖြစ် လွှဲပြောင်းခံရမယ့် ဘေးကနေ ရှောင်ရှားဖို့ အာမခံ အခြေအနေတွေကို ဖောက်ဖျက်အပြီးမှာ ခိုလှုံခဲ့တာ ဖြစ်ပါတယ်။ စွဲချက်ကို မကျူးလွန်ဘူးလို့ အာဆန်က ငြင်းပါတယ်။ ဆွီဒင် အစိုးရရှေ့နေတွေက စွဲချက်ကို ပြန်ရုပ်သိမ်းခဲ့ပေမယ့် ဗြိတိန်ရဲတွေကတော့ အာမခံ ချိုးဖောက်မှုအတွက် သံရုံးထဲက ထွက်တာနဲ့ တပြိုင်နက် အာဆန်ကို ဖမ်းမယ်လို့ ပြောခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up