A d v e r t i s e m e n t With Us

ကားတိုက်ခံရသည့် ခွေးဘေးက မဖယ်ဘဲနေသည့် ခွေးလေးများ၏ သံယောဇဉ်(ရုပ်သံ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဂန်ဆုခရိုင် လန်းဂျိုးမြို့ လူစည်ကားတဲ့ လမ်းပေါ် ခွေးလေးတကောင် ကားတိုက်သေဆုံးသွားပြီးတဲ့နောက် သေဆုံးတဲ့ခွေးရဲ့ မိတ်ဆွေ အခြားလမ်းဘေးခွေး လေးကောင်က လမ်းလယ်ပေါ်ကနေ ဖယ်မပေးတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။ ခွေးအုပ်စုက တဖက်လမ်းကို ကူးခဲ့ချိန် ခွေးအုပ်စုက အန္တရာယ်ကင်းကင်း ဖြတ်ကူးနိုင်ခဲ့ပေမယ့် သူတို့ထဲက ခွေးတကောင်က ကံမကောင်းခဲ့ပါဘူး။ ကားတိုက်ခံရတဲ့ခွေးလေး လမ်းလယ်မှာ နာကျင်အော်ဟစ်ပြီး ကျန်ရစ်ချိန် ခွေးလေးကောင် ပြန်လာကာ သူတို့မိတ်ဆွေခွေးလေးကို အန္တရာယ်ကင်းတဲ့နေရာ ရွှေ့ပြီး ထလာအောင် ပွတ်သပ်ခဲ့ကြပါတယ်။ ခွေးလေးကောင်က သူတို့သူငယ်ချင်း သေသွားတာ သိပုံမရပဲ ဒဏ်ရာရ ခွေးလေး ထလာပြီး လမ်းပေါ်က ထွက်သွားအောင် စောင့်ကြည့် ကာကွယ်ပေးနေကြတယ်လို့ မျက်မြင်တွေက ပြောလိုက်ပါတယ်။ ရုပ်သံထဲမှာ ကားတချို့ သူတို့နားကကပ်ပြီး မောင်းသွားသလို ကားတွေ သွားနေကြပေမယ့် ခွေးလေးကောင်က တလက်မမှ မရွှေ့ဘဲ သူတို့ရဲ့ သူငယ်ချင်းကို အကာအကွယ် ပေးနေကြတာပါ။ ရုပ်သံ လူမှုကွန်ရက်ပေါ် အမြန်ပျံ့နှံ့သွားပြီး တိရစ္ဆာန်တွေကြားက ခင်မင်ရင်းနှီးမှု ပြင်းပြတာကို လူမှုကွန်ရက်သုံးစွဲသူတွေက မှတ်ချက် ရေးခဲ့ကြပါတယ်။ ဖြတ်သွားဖြတ်လာ တယောက် ခွေးအသေလေးကို လမ်းတဖက်ကို ရွှေ့လိုက်မှ ခွေးတွေအားလုံး လမ်းပေါ်က ထွက်သွားကြတယ်လို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၂၆ ရက်က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up