ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ရန်ကုန်တွင် ကျင်းပ

  မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေကို နည်းစနစ်တကျ ဆုံးမလမ်းညွှန်တတ်စေဖို့နဲ့ ကလေးတွေ ခေတ်နဲ့အညီ အသိပညာဗဟုသုတတွေ ကြွယ်ဝနိုင်စေဖို့အတွက် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ ကျင်းပနေပါတယ်။ အဲဒီပွဲတော်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ Youth Social Group လူငယ်ပရဟိတအဖွဲ့တွေ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်မှာတော့ ကလေးတွေအတွက် အသိပညာပေး ဟောပြောတာတွေ၊ ကလေးတွေကိုယ်တိုင် ပန်းချီရေဆွဲ ဆေးရောင်ခြယ်တာတွေ၊ သဲပန်းချီ ရေးဆွဲတာတွေ၊ အားကစားပြိုင်ပွဲတွေ၊ ဂိမ်းဆော့ကစားတာတွေ၊ ကလေးတွေကို ပုံပြင်ပြော ပေးတာတွေအပါအဝင် ကလေးတွေ စာပေလေ့လာနိုင်ဖို့ စာဖတ်ခန်းတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေက ကလေးသူငယ် တွေကလည်း တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေ၊ ကပြခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up