A d v e r t i s e m e n t With Us

အာဖဂန်နစ္စတွင် ကားဗုံးပေါက်ကွဲမှုကြောင့် ၉၅ ဦး သေ၊ ၁၆၀ ကျော် ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ ဇန်န၀ါရီ ၂၇ ရက်က လူနာတင်ယာဉ်တစီး   ဗုံးပေါက်ကွဲခဲ့တဲ့အတွက်  သေဆုံးသူအရေအတွက်ဟာ ၉၅ ဦး အထိရှိခဲ့ပြီး ၁၆၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ မျက်မြင်တဦးက “ကျနော် ဆိုင်ထဲမှာ ထိုင်နေတုန်း ဗုံးပေါက်မှုဖြစ်တယ်။ ကျနော်လည်း လဲကျသွားပြီး ကျနော့်ညီကတော့ ဒဏ်ရာရသွားတယ်။ အဲဒါနဲ့ ဆေးရုံခေါ်သွားတော့ ဆေးရုံမှာ ဒဏ်ရာရတဲ့ လူနာတွေ အများကြီးပဲ” လို့ ပြောခဲ့ပါတယ်။ ပေါက်ကွဲမှုဟာ မနက် ၁ နာရီလောက်က ဂျမ်ဘိုရီယက် ဆေးရုံရှေ့မှာ ဖြစ်ပွားခဲ့ပြီး အဲဒီနေရာမှာ အစိုးရရုံးအဆောက်အဦ အတော်များများ တည်ရှိပါတယ်။ အာဖဂန်ပြည်ထဲရေး ၀န်ကြီးပြောခွင့်ရ ပုဂ္ဂိုလ်က “လူနာတင်ယာဉ်က ဆေးရုံဝင်ပေါက်ရှေ့မှာ ရပ်သွားတယ်။ အဲဒီလူနာတင်ယာဉ်က ပြည်ထဲရေးဝန်ကြီးဌာန ရုံးအဆောက်အဦထဲ ၀င်ဖို့ကြိုးစားတာ။ ဒါပေမယ့် ရဲတွေ မြင်သွားလို့ ယာဉ်မောင်းက အသေခံ ကားဗုံးဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အသေခံကားဗုံးခွဲသူဟာ အများပြည်သူယာဉ်တွေ တားမြစ်ထားတဲ့နေရာကို ၀င်ရောက်ဖို့ လူနာတင်ယာဉ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ အခုတိုက်ခိုက်မှုကို  မိမိတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တာလီဘန်စစ်သွေးကြွတွေက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up