Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရုံးခန်းဖွင့်လှစ်
ပြည့်ဘုန်းအောင်
·
January 28, 2018
  ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်အောင်မြင်စွာ ထုတ်လုပ်နိုင်စေဖို့ ရုပ်ရှင်ရုံးခန်း ဖွင့်ပွဲကို ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ချင်းချောင်းခြံနန်းတော်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ကျပ်သိန်းပေါင်း တစ်သောင်းခွဲ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ကားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ကို သမိုင်းအထောက်အထား လွဲမှားမှုမရှိစေဖို့ ကြီးကြပ်ဆောင်ရွက်မယ့် လုပ်ငန်းကော်မတီကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကော်မတီကို နိုဝင်ဘာ ၂၄ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သမိုင်းအထောက်အထား အပြည့်အစုံပါဝင်တဲ့ အတ္တုပ္ပတ္တိမူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်ထံ ထင်ပြထားပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ကို ၂၀၁၂ ခုနှစ်က စတင်ရိုက်ကူးဖို့ စီစဉ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဗိုလ်ချုပ် နှစ် ၁၀၀ ရာပြည့် မွေးနေ့မှာပြသဖို့ ရည်ရွယ်ခဲ့ပေမယ့် ၆ နှစ်အတွင်း ၁၁ မိနစ်စာ ဇာတ်ဝင်ခန်းတခုသာ ရိုက်ကူးနိုင်ခဲ့တာကြောင့် ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024