A d v e r t i s e m e n t With Us

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မှု ကမ္ဘာကြီးအပေါ် လွှမ်းမိုးမှု အားနည်းစေမည်ဟု တိုနီဘလဲပြော

ဗြိတိန် ဥရောပသမဂ္ဂက ထွက်လိုက်တာဟာ ဥရောပနဲ့ ကမ္ဘာကြီးအပေါ် ဗြိတိန်ရဲ့ လွှမ်းမိုးမှုကို အားနည်းသွားစေမယ်လို့ ဇန်နဝါရီ ၂၆ ရက်မှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောကြားသွားပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာလုပ်တဲ့ ၂၀၁၈ ဒါးဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကို တရုတ် CCTV ရုပ်သံကတွေ့ဆုံမေးမြန်းရာမှာ အဲဒီလိုဖြေကြားသွားတာပါ။ “ဆိုတော့ ခုလောလောဆယ် ဗြိတိန်ဟာ ဒီနိုင်ငံရေးအဆောက်အဦ၊ စီးပွားရေး အဆောက်အဦရဲ့ အစိတ်အပိုင်း ဖြစ်နေပါတယ်။ နော်ဝေနိုင်ငံဟာဆိုရင် စီးပွားရေး အဆောက်အဦတခုတည်းရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေတာပါ။ နော်ဝေဟာ ဥရောပသမဂ္ဂ တစ်ခုတည်းသော ဈေးကွက်ရဲ့ အစိတ်အပိုင်းဖြစ်နေပါတယ်။ ဒါပေမယ့် နော်ဝေဟာ အီးယူ နိုင်ငံရေး အဆောက်အဦထဲမှာပါတဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူး။ ဒီတော့ ကျနော်ထင်တယ်လေ ဗြိတိန်အနေနဲ့ နိုင်ငံရေးအဆောက်အဦကနေ ထွက်ပြီး စီးပွားရေးအဆောက်အဦထဲမှာ ဆက်ရှိနေမယ်ဆိုရင် ဗြိတိန်စီးပွားရေးကို ထိခိုက်မှုနည်းစေမှာပါ။ ဒီနေရာမှာ လူတွေက မေးပါလိမ့်မယ်။ “ဒီလိုဆို ဥရောပသမဂ္ဂက ဘာလို့ထွက်တာတုန်း။” ဆိုပြီး aမးကြပါလိမ့်မယ်။ စီးပွားရေးအရ ဆက်ပါနေမယ်ဆိုရင်  ဗြိတိန်ဟာ  တစ်ခုတည်းသော aဈးကွက်ရဲ့ အစိတ်အပိုင်း ဖြစ်နေပါမယ်။  အီးယူရဲ့ စဉ်းမျဉ်းတွေကို လိုက်နာရမယ်။ လူတွ လွတ်လွတ်လပ်လပ် သွားလာလို့ရမယ်။ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ကိုယ့်သဘောနဲ့ ကိုယ်လုပ်လို့ မရဘူး။ အားလုံးကို ဥရောပကတဆင့် ဆုံးဖြတ်တာဆိုတော့လေ။ ကျနော့် အမြင်ကတော့ နော်ဝေရဲ့ ရွေးချယ်မှုက စီးပွားရေးအရ အများကြီး ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ ဗြိတိန်သာ အဲဒီလမ်းကိုရွေးရင်၊ ထောက်ခံမဲပေးကြမယ်ထင်ပါတယ်” လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောကြားသွားတာပါ။ “ဗြိတိန်ရဲ့ ဥရောပမှာ လွှမ်းမိုးနိုင်စွမ်း သိသိသာသာလျော့ကျသွားမျာပါ။ အဲဒီအကျိုးဆက် အနေနဲ့ ကမ္ဘာကြီးမှာ လွှမ်းမိုးနိုင်စွမ်းလည်း ကျသွားမယ်ထင်ပါတယ်။ ဥရောပကိုယ်တိုင်လည်း အားနည်းသွားနိုင်ပါတယ်။ ဗြိတိန်က အင်အားကြီးနိုင်ငံ တခုလေ။ ဥရောပမှာ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတနိုင်ငံ ဆိုတော့လေ။ နောက်ပြီး နိုင်ငံရေးအရလည်း အားကြီးတဲ့ နိုင်ငံလေ။ ဒါပေမယ့် ၂၁ ရာစုမှာ ပထဝီနိုင်ငံရေးက ပြောင်းသွားတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ တရုတ်ပြည်ကြောင့်ပေါ့လေ။ ကျနော့်တဦးတည်း အမြင်ကတော့ မပြောင်းလဲပါဘူး။ ဗြိတိန် ဥရောပရဲ့ အစိတ်အပိုင်း အဖြစ်ရှိနေတာဟာ  ဥရောပဒေသတွင်း အင်အားကြီး နိုင်ငံတခုအဖြစ်ရှိစေဖို့  အဓိပ္ပါယ်ရှိပါတယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် တိုနီဘလဲက ပြောကြားသွားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up