A d v e r t i s e m e n t With Us

ကျမတို့ သောက်ရေ လိုချင်ပါတယ်။ ရေက ကျမတို့ရဲ့ ဘ၀ပါ – ဟေတီအမျိုးသမီးတဦး

ဟေတီနိုင်ငံမှာ ဒေသခံတွေဟာ သောက်သုံးရေရရှိဖို့ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အကူအညီ တောင်းခံနေကြပါတယ်။ ဟေတီနိုင်ငံဟာ ၂၀၁၀ ခုနှစ်က လူပေါင်း ၂ သိန်းကျော်သေဆုံးခဲ့ရတဲ့ မြေငလျင်ဒဏ်ကို ခံစားခဲ့ရတာပါ။ မြို့တော် ပေါ့အူပရာ့နဲ့ ကပ်လျက် ဒယ်မက်စ်မြို့မှာ ဒေသခံတွေဟာ သောက်သုံးရေ မရတာ၊ ရေအိမ်မရှိတာ စတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ ငွေကြေးတက်နိုင်တဲ့သူတချို့က ၂၀ လီတာဆံ့တဲ့ ရေပုံးတပုံးကို ၁၆ ဒေါ်လာ အထိပေးပြီး ၀ယ်သုံးနေကြပါတယ်။ ငွေကြေး မတက်နိုင်သူတွေကတော့ မသန့်ရှင်းတဲ့ ရေကိုသောက်နေရပြီး ကိုယ့်ရဲ့ အညစ်အကြေးကိုလည်း ပလတ်စတစ်အိတ်ထဲမှာစွန့်ပြီး လွှတ်ပစ်နေကြရပါတယ်။ “ကျနော်တို့ ရေလိုပါတယ်။ ရေမရှိရင် ကျနော်တို့ ဘာလုပ်ရမလဲ။ ဒီရေကန်က ရေမရတော့ပါဘူး။ ငွေကြေးမတက်နိုင်တဲ့သူတွေ ဒီမှာ အများကြီးပါ။ ဒီရေကန်ကောင်းနေတုန်းက ကျနော်တို့ ရေရပါတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။ “ကျမတို့ သောက်ရေ လိုချင်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျမတို့အတွက် ရေကန် ဆောက်ပေးစေချင်ပါတယ်။ ရေက ကျမတို့ရဲ့ ဘ၀ပါ။ ရေမရှိရင် ကျမတို့ အသက်မရှင်နိုင်ပါဘူး။ အစိုးရကို ကျမတို့အတွက် ရေအိမ်လည်း ဆောက်ပေးစေချင်ပါတယ်။ ဒီမှာ ရေအိမ်မရှိပါဘူး” လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ ဟေတီနိုင်ငံရဲ့ ကျေးလက်ဒေသလူဦးရေ တ၀က်မပြည့်တပြည့်လောက်သာ သောက်သုံးရေ ရရှိနိုင်ကြပါတယ်။ ဟေတီနိုင်ငံသား ၂၄ ရာခိုင်နှုန်းလောက်သာ ရေအိမ်သုံးစွဲနိုင်ကြတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဟေတီနိုင်ငံသား အယောက်ငါးသိန်းကျော်ဟာ ရေဆိုးကနေ ကူးစက်တဲ့ ကာလဝမ်းရောဂါကြောင့် မကျန်းမမာ ဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up