မြန်မာအမျိုးသားလေကြောင်း ဖူးခက်ကို ပြေးဆွဲမည်
DVB
·
January 27, 2018
မြန်မာအမျိုးသားလေကြောင်း အနေနဲ့ လာမယ့် မတ်လ ၂၅ ရက်ကစပြီး ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဖူးခက်ကို တိုက်ရိုက်ပျံသန်းပြေးဆွဲတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန် - ဖူးခက် - ရန်ကုန် ခရီးစဉ်တကြောင်းကို ကျသင့်ငွေက အမေရိကန်ဒေါ်လာ ၂၅၀ က စတင်မယ်လို့ ဆိုပါတယ်။
မြန်မာအမျိုးသားလေကြောင်းကို ၁၉၄၈ ခုနှစ်မှာ ယူဘီအေ နာမည်နဲ့ နိုင်ငံပိုင်လေကြောင်းလိုင်းအဖြစ် စတင်ပြေးဆွဲခဲ့ပြီး လက်ရှိမှာတော့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေအပြင် စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်၊ ဟောင်ကောင်၊ ကူမင်း၊ ဗုဒ္ဓဂါယာ စတာတွေကို ပြေးဆွဲနေတာပါ။