တရားမဝင် ၀င်လာသည့် တရုတ်နိုင်ငံသားကို ရွှေအရိုင်းတုံး ၇၆ တုံးနှင့် ဖမ်းမိ
DVB
·
January 27, 2018
တရားမဝင် ၀င်ရောက်လာတဲ့ တရုတ်နိုင်ငံသားတဦးကို ရွှေအရိုင်းတုံး ၇၆ တုံးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က ချင်ပြည်နယ်၊ တနိုင်းမြို့၊ ရွှေမှော်တွေမှာ တပ်မတော်က နယ်မြေ ရှင်းလင်းစဉ် ယာဉ် ၃ စီး၊ ဆိုင်ကယ် ၈ စီးနဲ့အတူ ကျား ၁၅ ဦး၊ မ ၅ ဦး၊ ကလေး ၅ ဦးတို့ တွေ့ရှိလို့ စစ်ဆေးပြီး အမျိုးသမီး ၅ ဦး၊ ကလေးငယ် ၅ ဦးကို ပြန်လည် လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့ ၀၀၁၅ အချိန်မှာလည်း တပ်မတော်သားတွေက တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်နေ လဆမ် ၃၂ နှစ်ပါ ကျား ၁၅ ဦးအား တနိုင်းမြို့မရဲစခန်းကို လာရောက် အပ်နှံခဲ့လို့ စစ်ဆေးခဲ့ရာ ယူနန်ပြည်နယ်၊ လုံခွေမြို့နေ တရုတ်နိုင်ငံသား ရှောင်ကျန်းရန် ၅၂ နှစ် ဟာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတာကို စစ်ဆေးသိရှိရပြီး တနိုင်း မြို့မရဲစခန်းက လဝကအက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရှောင်ကျန်းရန်နဲ့အတူ မသန့်စင်ရသေးတဲ့ ရွှေအရိုင်းတုံး ၇၆ တုံးပါ တွေ့ရှိခဲ့တာကြောင့် သတ္တုတွင်းဥပဒေနဲ့ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။