အင်စတာဂရမ်ပေါ် အယ်နန်နီ ရေးသားသည့်စာသား ဆန်းချက်ဇ်ကို ဝေဖန်ခြင်းဖြစ်ဟုဆို

အာဆင်နယ်ကွင်းလယ်ကစားသမား အယ်နန်နီရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တဲ့ စာသားနဲ့ ပတ်သက်ပြီး ဆန်းချက်ဇ်ကို ဝေဖန်ရေးသာလိုက်တာလို့ ပြောဆိုနေကြပါတယ်။ လက်ရှိအချိန်မှာ အသင်းပရိသတ်တွေနဲ့ အသင်းမှတ်တံဆိပ်အတွက် ပွဲချိန်ပြည့် တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ ကစားတဲ့ အသင်းသားတွေရှိတယ်ဆိုပြီး ချဲလ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးမှာ အယ်နန်နီက ရေးသားခဲ့တာပါ။ အယ်နန်နီအနေနဲ့ အဲဒီစာသားနဲ့အတူ အောင်ပွဲခံနေတဲ့ ပုံကိုလည်း သူ့ရဲ့ တရားဝင် အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်ကို ရည်ရွယ်ပြီး ဝေဖန်ခဲ့တာ ဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးသူတွေနဲ့ မျှဝေခဲ့တာတွေ များပြားခဲ့ပါတယ်။ အင်စတာဂရမ်သုံးစွဲသူတဦးကတော့ အယ်နန်နီရဲ့ပို့စ်ကို ဆန်းချက်ဇ်ရဲ့ တရားဝင်အကောင့်းဆီ Tag လုပ်ပြီး ဝေမျှခဲ့ပါသေးတယ်။ တောင်ပံကစားသမား ဆန်းချက်ဇ်ဟာ ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်လုပ်ခလစာနဲ့ အာဆင်နယ်အသင်းကနေ မန်ယူအသင်းဆီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up