မန်ယူ ၄-၀ ရီအိုဗွီ၊ ဆန်းချက်ဇ် ပထမဆုံး ပါဝင်ကစား (ရုပ်သံဟိုက်လိုက်)

1.8K
ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသင်းကြီး မန်ချက်စတာယူနိုက်တက်အသင်းက ရီအိုဗွီအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
ရီအိုဗွီအသင်းရဲ့ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး မန်ယူအသင်းမှာ အာဆင်နယ်အသင်းကနေ ၀ယ်ယူထားတဲ့ အလက် ဆန်းချက်ဇ် ပထမဆုံး ပါဝင်ကစားခဲ့ပါတယ်။
ဒီပွဲမှာ ဆန်းချက်ဇ် ဂိုးသွင်းယူနိုင်ခြင်းမရှိပေမယ့် အကောင်းဆုံး ဖန်တီးပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။
မန်ယူအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှာ တဖက်သတ် အသာစီးယူကစားနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကိုတော့ ရပ်စ်ဖို့ဒ်၊ ဟာရဲယား၊ လင်ဂတ်နဲ့ လူကာကူတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။