Live
Home
မြန်မာသတင်း
ရိုက်​တာသတင်း​ထောက်​အမှု ကိုယ်​ကျိုးစီးပွားအတွက်​ အသုံးမချရန် ပြန်ကြားရေးဒုဝန်ကြီးပြော
အောင်ဆန်းဦး
·
January 26, 2018
ရိုက်​တာ သတင်း​ထောက်​နှစ်​​ဦး လွတ်​မြာက်​ရေး အမှန်​တကယ်​လိုလားခဲ့မယ်ဆိုရင် ​​ကိုယ်​ကျိုးစီးပွားအတွက်​ အသုံးမချဖို့နဲ့ ကိုယ့်ရဲ့​​ပေါ်ပြူလာဖြစ်​ဖို့အတွက်​ အသုံးမချဖို့ ပြန်​ကြား​ရေးဝန်ကြီးဌာန ဒုဝန်​ကြီး​ ဦးအောင်လှထွန်းကပြောကြားလိုက်ပါတယ်။ “ဒီအမှုနဲ့ပတ်​သက်​ပြီး​တော့ ဘယ်​သူကမှ ကိုယ်​ကျိုးစီးပွားအတွက်​ အသုံးမချပါနဲ့။ ဒီအမှုနဲ့ပတ်​သက်​လို့ ဖိအား​ပေးမှု အမျိုးမျိုးလုပ်​​နေကြတဲ့၊ ​တောင်းဆို​နေကြတဲ့ သူ​တွေအားလုံးကို ကျနော် ​မေတ္တာရပ်​ခံချင်​ပါတယ်​။ အဲဒါက​တော့ သူတို့နှစ်​ဦး တကယ်​လွတ်​​မြောက်​​ရေးကို အမှန်​တကယ်​ လိုလားခဲ့မယ်​ဆိုရင်​၊ ဒီအမှုကို ကိုယ်​ကျိုးစီးပွားအတွက်​ အသုံးအသုံးမချပါနဲ့။ ကိုယ့်​ရဲ့​ပေါ်ပြူလာဖြစ်​ဖို့အတွက်​ အသုံးမချပါနဲ့”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024