Home
မြန်မာသတင်း
ထိုင်းမူးယစ်တပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသည့် မူးယစ်တရားခံ ၁ ဦး ကျိုင်းတုံတွင် ဖမ်းမိ
DVB
·
January 26, 2018
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က  အလိုရှိနေတဲ့ ထိုင်းနိုင်ငံသား တရားခံတဦးကို ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့  မြန်မာရဲတပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပါတယ်။ ကျိုင်းတုံမြို့မရဲစခန်းက လ.ဝ.က အက်ဥပဒေ ၁၃(၁)နဲ့  ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ တို့နဲ့ ဖမ်ဆီးအမှုဖွင့်ထားတဲ့ တရားခံ ထိုင်းနိုင်ငံသား မစ္စတာပတ်ခ်ကို အသေးစိတ် ထပ်မံစစ်ဆေးခဲ့ရာ ယာဉ်တိုက်မှု ကျူးလွန်ပြီး ကျိုင်းတုံ-မိုင်းခတ်လမ်းအတိုင်း ထွက်ပြေးလာစဉ် ၎င်းကိုင်ဆောင်တဲ့ ပစ္စတို ၁ လက်ကို ကားလမ်းဘေးကို လွှင့်ပစ်ခဲ့ကြောင်း စစ်ဆေး သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က မစ္စတာပတ်ခ်ကို ခေါ်ဆောင်သွားပြီး ရှာဖွေခဲ့ရာ ကတ်တောင်-တာခွယ်ကျေးရွာ ကားလမ်း ယာဘက် လယ်ကွက်အတွင်းမှ အီတလီနိုင်ငံလုပ် PIET-RO-BERETTA အမျိုးအစား ပစ္စတို ၁ လက်၊ ၉-မမ LUGER (ကျည် ၉ တောင့်ပါ ကျည်အိမ် တပ်ဆင်လျက်) တွေ့ရှိသိမ်းဆည်းရမိခဲ့လို့ ရှမ်းလက်နက်ဥပဒေ ၁၂(က)(ဂ) နဲ့ ထပ်မံအမှုဖွင့် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာပတ်ခ်ဟာ ထိုင်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ONCB) က အလိုရှိနေတဲ့  တရားခံဖြစ်ပြီး၂၀၁၆ ဇူလိုင်လက ထိုင်းနိုင်ငံ ဆီစကစ်မြို့မှာ စိတ်ကြွဆေးပြား ၄၉ ပြားနဲ့အတူ ဖမ်းဆီးခံရပြီး အာမခံနဲ့ အမှုရင်ဆိုင်နေစဉ် ထွက်ပြေးတိမ်းရှောင်နေလို့ ဖမ်းဝရမ်းထုတ်ထားသူ ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- ရဲဇာနည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024