A d v e r t i s e m e n t With Us

ချစ်ပ်ပြားထုတ်သည့် ကွယ်လ်ကွန်းကုမ္ပဏီ ဒေါ်လာ ၉၉၇ သန်း ဒဏ်ငွေဆောင်ရမည်

စမတ်ဖုန်းထဲမှာ ထည့်သွင်းတပ်ဆင်တဲ့ ချစ်ပ်ပြားထုတ်လုပ်တဲ့ အမေရိကန် ကွယ်လ်ကွန်း (Qualcomm) ကုမ္ပဏီကို “အီးယူရဲ့ မျှတစွာယှဉ်ပြိုင်မှု စည်းမျဉ်းဥပဒေ” ချိုးဖောက်တဲ့အတွက် အမေရိကန်ဒေါ်လာ ၉၉၇ သန်း ဒဏ်ငွေပေးဆောင်ဖို့ ဥရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။ ကွယ်လ်ကွန်းချစ်ပ်ပြားဟာ ကမ္ဘာ့အကြီးဆုံး LTE ချစ်ပ်ပြားတွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကွယ်လ်ကွန်း ချစ်ပ်ပြားကုမ္ပဏီဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ပြိုင်ဘက်ကုမ္ပဏီတွေ ဈေးကွက်ကနေ လွင့်ထွက်သွားစေဖို့ သူ့ရဲ့ အဓိကဝယ်ယူသူဖြစ်တဲ့ အက်ပဲလ် (Apple) ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်းထောင်နဲ့ချီပြီး ပေးခဲ့တယ်လို့ ဥရောပသမဂ္ဂရဲ့ ယှဉ်ပြိုင်ခြင်း မူဝါဒဆိုင်ရာ ကော်မရှင်နာ မာကာအေတေး ဗစ်တေဟာက ပြောပါတယ်။ ဥရာပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လုံးဝ သဘောမတူကြောင်းနဲ့ သက်ဆိုင်ရာ ဥရောပသမဂ္ဂ တရားရုံးကို အယူခံဝင်သွားမယ်လို့ ကွယ်လ်ကွန်း ချစ်ပ်ပြားကုမ္ပဏီက တုံ့ပြန်ပြောကြားပါတယ်။ နှစ်အတော်ကြာ အချိန်ယူရနိုင်တဲ့ အယူခံစဉ်အချိန်အတွင်းမှာလည်း ကုမ္ပဏီအနေနဲ့ ဒဏ်ငွေပေးဆောင်နိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up