မိုနာကိုတိုက်စစ်မှူး ကာရီလိုကို ဆောက်သမ်တန် ခေါ်ယူ

1.6K
ဆောက်သမ်တန်အသင်းဟာ မိုနာကိုတိုက်စစ်မှူး ဂူအီဒို ကာရီလိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် အာဂျင်တီနားသား ကာရီလိုဟာ ပြင်သစ်ကလပ်မှာ ဒီရာသီအတွင်း ၂၂ ပွဲကစား ၅ ဂိုး သွင်းယူပေးထားပါတယ်။
အခုလို ပြောင်းရွှေ့လာခဲ့ပြီး အသင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်လာရတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်လို့ ကာရီလိုက ပြောပါတယ်။
ဆောက်သမ်တန်အသင်းနည်းပြ မာရီဆီနို ပယ်လီဂရီနို အာဂျင်တီးနားအသင်းမှာ တာဝန်ယူခဲ့စဉ်က ကာရီလိုနဲ့ အတူလက်တွဲ အလုပ်လုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းအနေနဲ့ နောက်ခံလူ ဗန်ဒိုက်ကို လီဗာပူးအသင်းဆီ ပေါင် ၇၅ သန်းနဲ့ ရောင်းထုတ်ခဲ့တဲ့အပြင် အသင်းတိုက်စစ်မှူးတွေလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တိုက်စစ်မှူးအသစ် အစားထိုးဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
ဆောက်သမ်တန်အသင်းဟာ ၂၀၁၇ သြဂုတ်လတုန်းက ဂျူဗင်တပ် ကွင်းလယ်ကစားသမား Mario Lemina ကို ကလပ်စံချိန်တင်ဈေး ပေါင် ၁၈ သန်းနဲ့ ခေါ်ယူခဲ့ဖူးပါတယ်။