မက္ကဆီကို နိုင်ငံရေးလှုပ်ရှားသူများက ထရမ့်ပုံ ရုပ်ပြောင်ကာတွန်းဆွဲ
မက္ကဆီကို နိုင်ငံရေးလှုပ်ရှားသူတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို ရည်ညွှန်းတဲ့ ဂရပ်ဖစ်တီတခုကို မက္ကဆီကိုမြို့ရဲ့ ခုံးတံတားတခုမှာ သရုပ်ဖော် ရေးဆွဲခဲ့ကြပါတယ်။
မက္ကဆီကိုမြို့ ခုံးကျော်တံတားတခုအောက်က မြင်ကွင်း ဖြစ်ပါတယ်။
ဂရပ်ဖစ်တီသမားတွေ ဖန်တီးထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရုပ်ပြောင် ကာတွန်းနဲ့ ပတ်သက်ပြီး မက္ကဆီကိုမြို့ခံတဦးက “ကျနော် နားလည်သလောက်ကတော့ မက္ကဆီကိုဟာ ထရမ့်ရဲ့ အတွေးအခေါ်နဲ့ အတင်းအဖျင်း စကားတွေ အားလုံးရဲ့အထက်မှာ ရှိတယ်လို့ ဒီပုံက ပြောချင်တာပါ။ ကျနော်တို့နိုင်ငံဟာ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပုံထဲကလိုပဲ သူ့အပေါ် ကျနော်တို့ အညစ်အကြေး စွန့်နိုင်ပါတယ်” လို့ ပြောသွားပါတယ်။
နောက်ထပ် မြို့ခံတဦးကလည်း “ဒီပုံက အဆင်ပြေတယ်လို့ ကျနော် ထင်ပါတယ်။ ဒါက အမေရိကန်ကို ကျနော်တို့ မနှစ်မြို့ဘူးဆိုတာ ပြလိုက်တာပါပဲ။ သူ လုပ်နေတာတွေက အရမ်းများပါတယ်။ ကျနော်တို့ကို တိုက်ခိုက်ရုံ မဟုတ်ပါဘူး။ သူက တကမ္ဘာလုံးကို တိုက်ခိုက်နေတာပါ” လို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြသွားပါတယ်။