မန်ယူနည်းပြ မော်ရင်ဟို ၂၀၂၀ ပြည့်နှစ်အထိ စာချုပ် သက်တမ်းတိုး

နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၂၀၂၀ ပြည့်နှစ် အထိ ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ စာချုပ်သစ်အရ မော်ရင်ဟိုရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ၁ နှစ် ထပ်မံသက်တမ်း တိုးခွင့်လည်း ပါရှိခဲ့တယ်လို့ သိရပါတယ်။ ဟိုဆေးမော်ရင်ဟိုဟာ ယူနိုက်တက်အသင်းထံ ပြီးခဲ့တဲ့နှစ် ရာသီက ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ပထမဆုံးရာသီမှာ အဓိက ဆုဖလားတွေ ရယူပေးနိုင်ခဲ့တဲ့ ပထမဆုံး ယူနိုက်တက်နည်းပြအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်းနဲ့ ယူရိုပါလိဂ်တို့ကို ရယူပေးနိုင်ခဲ့ပြီး အခုရာသီမှာလည်း အဆင့် ၂ နေရာကို ရယူထားနိုင်ခဲ့ပါတယ်။ စာချုပ်သစ် ချုပ်ဆိုအပြီးမှာတော့ ယူနိုက်တက် အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်က မော်ရင်ဟိုရဲ့ စာချုပ်အတွက် ကြေညာချက်ထုတ်ပြန်သွားခဲ့ပါတယ်။ မော်ရင်ဟိုက အခုလို ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်မှုအတွက် အသင်းရဲ့ ၀န်ထမ်းတွေ အားလုံးနဲ့ ကစားသမားတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up