A d v e r t i s e m e n t With Us

ဂျေရုဆလင်ကို အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံလုံး၏မြို့တော်အဖြစ် ပြင်သစ် အသိအမှတ်ပြု

ဓာတ်ပုံ - ဂျီပီအို
ဂျေရုဆလင်ကို အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံစလုံးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတာဟာ ပြင်သစ်နိုင်ငံရဲ့သဘောထား ဖြစ်တယ်လို့ ပြင်သစ်သမ္မတက ပြောကြားလိုက်ပါတယ်။ “ဂျေရုစလင်ကို အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ခုစလုံးရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုတယ်” လို့ ပြင်သစ်သမ္မတ အီမန်နျူယယ်လ်မာခွန်းက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ ဒါဗို့စ် (DAVOS) အစည်းအဝေးမှာ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။ ဆက်လက်ပြီး သမ္မတ မာခွန်းက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မျှမျှတတလုပ်ရေးကိုပဲ ကျေန်ာ အမြဲတွေးပါတယ်။ ဒါက တခြားလူတွေ ဒီလိုဆုံးဖြတ်လိုက်လို့ ဒီလိုပြန်တုံ့ပြန်တယ်ဆိုတာမျိုး မဟုတ်ဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြင်သစ်လည်း အတူလိုက်ပါပြီး ညှိနှိုင်းဆောင်ရွက်ပေးပါမယ်။ ကျေန်ာတို့ သဘောထားကတော့ အစကတည်းက ရှင်းပါတယ်။ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ပေါ်ပေါက်ရေးနဲ့ ဂျေရုဆလင်ကို နှစ်နိုင်ငံမြို့တော်အဖြစ် အသိအမှတ်ပြုရေးပါပဲ။ ဒီသဘောတရားက ဘယ်တော့မှ ပြောင်းမှာ မဟုတ်ပါဘူး။ တခြားလူတွေ ဆုံးဖြတ်တာကိုလည်း တုံ့ပြန်တာမျိုး လုပ်မှာမဟုတ်ဘူး” လို့ ဆိုပါတယ်။ ဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီသဘောတရားဟာ ဥရောပလုံခြုံရေးနဲ့လည်း ဆက်နွှယ်လို့ သူ့အနေနဲ့ လက်ခံတယ်လို့ ပြောပါတယ်။ သမ္မတ မာခွန်းကလည်း အရာအားလုံးမှာ ဆက်နွှယ်မှုရှိတာကို ကိုယ်တွေ့ကြုံရပြီးဖြစ်တယ်လို့ ပြန်လည်ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up