ဘာစီိလိုနာတွင် ကော်တင်ဟို ကျောနံပါတ် ၁၄ ဝတ်ဆင်မည်
ဘာစီလိုနာကစားသမားသစ် ကော်တင်ဟိုဟာ ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ကစားတော့မှာဖြစ်တယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုလိုက်ပါတယ်။
လီဗာပူးအသင်းကနေ ပေါင် ၁၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကော်တင်ဟိုဟာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားလိုပေမယ့် ဘာစီလိုနာအသင်းကတော့ ကျောနံပါတ် ၇ ကို အက်သလက်တီကိုမက်ဒရစ်အသင်းက ဂရစ်ဇ်မန်းကို ခေါ်ယူပြီး ဝတ်ဆင်ကစားစေမယ်လို့ သတင်းတွေ ထွက်နေတာပါ။
ကော်တင်ဟိုရဲ့ ကျောနံပါတ် ၁၄ ကို ဂျော်ဒီခရိုက်ဖ်၊ ဟင်နရီတို့ ဝတ်ဆင်ကစားခဲ့ပြီး နောက်ဆုံး ဝတ်ဆင်ကစားခဲ့တာဟာ အသင်းကနေ မကြာသေးခင်ကမှ ထွက်ခွာဖို့ အတည်ပြုခဲ့တဲ့ မာရှေရာနိုပဲ ဖြစ်ပါတယ်။
ကော်တင်ဟိုဟာ အက်စ်ပန်ညိုအသင်းနဲ့ပွဲစဉ် လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။