A d v e r t i s e m e n t With Us

အင်ဒိုနီးရှား တိရစ္ဆာန်ဈေးတွင် ခွေးများအား ဂဟေဆော်သည့် မီးဖြင့်တို့ပြီး သတ်ဖြတ်

အင်ဒိုနီးရှားနိုင်ငံမှာ ခွေးတွေကို ဂဟေဆော်မီးနဲ့တို့ပြီး ရိုက်သတ်တဲ့ တိရစ္ဆာန်ဈေးတွေကို ပိတ်ပစ်လိုက်ဖို့ တိရစ္ဆာန်ကာကွယ်ရေး လှုံ့ဆော်သူတွေက တောင်းဆိုလိုက်ပါတယ်။ တိုမိုဟွန်းဈေးလို့ လူသိများတဲ့ စူလာဝီစီကျွန်းပေါ်မှာရှိတဲ့ တိရစ္ဆာန်ဈေးတခုက တိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့တွေ မတောင်းဆိုခင်အချိန်အထိ ခရီးသွားလမ်းညွှန်တွေရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာတခုအဖြစ် စာရင်းသွင်းခံထားရပြီး ဒေသခံ ခရီးသွားလမ်းညွှန်တွေနဲ့ အာဏာပိုင်တွေကတော့ ဒီဈေးကို သွားရောက်လည်ပတ်ရမယ့် နေရာတခုအဖြစ် တိုးမြှင့်လှုံ့ဆော်နေတုန်းပဲလို့ သိရပါတယ်။ တိရစ္ဆာန်အခွင့်အရေး တောင်းဆိုသူတွေက ခွေးသားတွေကို ရောင်းလေ့ရှိတဲ့ တိုမိုဟွန်းဈေးနဲ့ တခြား စူလာဝီစီခရိုင် မြောက်ပိုင်းက ဈေးရဲ့ တိရစ္ဆာန်တွေအပေါ် ဆက်ဆံမှုက အရမ်းရက်စက်ပြီး ငရဲပြည်ကို လမ်းလျှောက်နေရသလိုပဲလို့ ပြောပါတယ်။ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေး ဆောင်ရွက်သူတွေ ဒီဇင်ဘာလတုန်းက ဈေးနှစ်ခုမှာ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ခွေးတွေကို လှောင်အိမ်ထဲမှာတွေ့ရပြီး ဧည့်သည်တွေ ဈေးကိုလာလည်ချိန် အလုပ်သမားတွေက ခွေးတွေကို လှောင်အိမ်ထဲက ဆွဲထုတ်ကာ သူတို့ရဲ့ခေါင်းတွေကို သစ်သားတုတ်တွေနဲ့ ရိုက်နေတာ တွေ့ရပါတယ်။ အဲဒီနောက် ခွေးအမွေးတွေကို ဂဟေဆော်တဲ့မီးနဲ့ တို့ဖယ်ရှားပြီး ခုတ်ထစ်ရောင်းချဖို့ ပြင်ဆင်နေတာပါ။ တိရစ္ဆာန်တွေ ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ဖို့နဲ့ ခွေးရူးပြန်ရောဂါ ပြန့်ပွားနိုင်တာကြောင့် လူထုကျန်းမာရေးအတွက် ခွေးသားရောင်းတာတွေ ရပ်တန့်ဖို့ အင်ဒိုနီးရှားအခြေစိုက် တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ သုံးဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတခုက ပြောခဲ့ပြီး မြောက်စူလာဝီစီ အာဏာပိုင်တွေကတော့ လှုံ့ဆော်သူတွေနဲ့ တွေ့ဖို့ ငြင်းဆန်ခဲ့ပါတယ်။ တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့တွေက တခြားတွားသွားသတ္တဝါနဲ့ မြွေ၊ လင်းနို့တွေ စတဲ့ အကာအကွယ်ပေးထားတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ ကြောင်သားတွေကိုပါ ရောင်းတဲ့ ဒီဈေးတွေကို ပိတ်ပစ်ဖို့ အစိုးရကို တောင်းဆိုလိုက်ပြီး ကမ္ဘာတခွင်က တိရစ္ဆာန်ဈေးတွေကို ရောက်ဖူးတဲ့ Change for Animals Foundation တည်ထောင်သူ လိုလာဝက်ဘာက စူလာဝီဈေးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဒါတွေကို ဖျော်ဖြေရေးအဖြစ် ပြောင်းလဲတာက အရမ်းထိတ်လန့်မိတယ်လို့ ဇန်နဝါရီ ၂၄ ရက်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ခွေးသားစားတဲ့ လူဦးရေက ရာခိုင်နှုန်းအနည်းငယ်ပဲ ရှိပေမယ့် လူဦးရေ သန်း ၂၅၀ ကျော်တဲ့နိုင်ငံထဲမှာ ခွေးသားရောင်းချတာက ထူးခြားထင်ရှားတဲ့ ကုန်သွယ်မှုတခုအဖြစ် ရှိတုန်းပဲလို့ သိရပါတယ်။ မြောက်ပိုင်း စူလာဝီစီဈေးတွေမှာ အပတ်တိုင်း တခြားခရိုင်တွေက တင်သွင်းလာတဲ့ ခွေးပေါင်း ထောင်ဂဏန်း သတ်ဖြတ်နေတယ်လို့ ခွေးသားဆန့်ကျင်ရေးအုပ်စုတွေရဲ့ အပြောကို ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီ  ၂၄ ရက်က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up