ကိုယ်ထည်ဆဲလ် အသုံးပြုပြီး ကမ္ဘာ့ပထမဆုံး မျောက်နှစ်ကောင်ကို ပုံတူမျိုးပွား

1.2K
တရုတ်သိပ္ပံပညာရှင်တွေဟာ ကိုယ်ထည်ဆဲလ် အသုံးပြုပြီး ကမ္ဘာ့ပထမဆုံး မက္ကာကွေ (Macaque) မျောက်နှစ်ကောင်ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ပုံတူမျိုးပွားနိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၂၅ ရက်က ကြေညာလိုက်ပါတယ်။
အဲဒီလို ပုံတူမျိုးပွားခဲ့ရာမှာ ဒေါ်လီအမည်ရှိ သိုးလေးကို ပြုလုပ်ခဲ့တဲ့ နည်းလမ်းအတိုင်း ပုံတူမျိုးပွားခဲ့တာပါ။
ဟုန်ဟုန်နဲ့ ဟွာဟွာလို့ အမည်ရတဲ့ ပုံတူမျိုးပွားမျောက်နှစ်ကောင်ကို တရုတ်သိပ္ပံအကယ်ဒမီ လက်အောက်ရှိ “လူသားမဟုတ်သော ပရိုင်းမိတ် သုတေသနစင်တာ” ကနေ အောင်မြင်စွာ ပုံတူမျိုးပွားခဲ့တာပါ။
တရုတ်သိပ္ပံအကယ်ဒမီဥက္ကဋ္ဌက “လူသားမဟုတ်တဲ့ ပရိုင်းမိတ်တွေကို ပုံတူမျိုးပွားတာဟာ လူသားရောဂါနဲ့ ကျန်းမာရေး သုတေသနပြုဖို့ အစမ်းသပ်ခံ တိရစ္ဆာန်တွေကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ်သိပ္ပံ ပညာရှင်တွေရဲ့ ရှေ့ပြေးသုတေသန အောင်မြင်မှုဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။