Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 25, 2018
မတ်ပဲ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၅၁,၉၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ မတ်ပဲအသစ်က ၁ အိတ်ကို ၄၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။ ပဲစင်းငုံနီ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ငွေကျပ် ၃၆,၉၅၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ အိတ်ကို ၉၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအသစ် ၁ အိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၅,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၁,၉၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ပဲကြီး ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၃၉,၂၅၀ ကျပ်ကနေ ငွေကျပ် ၁၄၂,၃၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲကြီး အများဆုံး ဝင်တဲ့ မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၅၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၇,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ နှမ်းဖြူ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီး မုံရွာကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၁၄,၀၀၀ ကျပ်ကနေ ၁၃၃,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ အိတ်ကို ၁၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ စားအုန်းဆီ မန္တလေး ကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၀၀ ကျပ်ကနေ ၁,၇၁၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၄၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ ပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ ကြက်သွန်နီ ကြက်သွန်နီ အများဆုံး ဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၆၀၀ ကျပ်ကနေ ၁,၅၂၅ ကျပ် ပေါက်ဈေးရှိပြီး မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၇၀၀ ကျပ်ကနေ ၁၆၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၇၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024