A d v e r t i s e m e n t With Us

အိုမန်တွင်ကျင်းပမည့် ဒေးဗစ်ဖလား တင်းနစ်ပြိုင်ပွဲ မြန်မာအသင်း ယှဉ်ပြိုင်မည်

အိုမန်​နိုင်​ငံမှာ လက်​ခံကျင်းပမယ့်​ ဒေးဗစ်ဖလား (Davis Cup) အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်​ အုပ်​စု ဃ ကို မြန်မာ့လက်ရွေးစင် တင်းနစ်​လက်​​ရွေးစင်သမားတွေဖြစ်တဲ့ ​အောင်​​ကျော်နိုင်​၊ တင်​မျိုး​ဝေ၊ ​အောင်​မျိုးသန့်​၊ ​ဇော်​ဆန်းဦးတို့ လေးဦး သွား​ရောက်​ယှဉ်​ပြိုင်​မယ်​လို့ သိရပါတယ်​။ ဒီပြိုင်ပွဲကို အိုမန်​နိုင်ငံ မတ်​စကတ်​မြို့မှာ လာမယ့် ဇန်နဝါရီ ၂၉ ရက်နေ့ စတင်ကျင်းပမှာဖြစ်​ပြီး​ အိမ်​ရှင် အိုမန်၊ ဘာရိန်း၊ ဘင်္ဂလား​ဒေ့ရှ့်၊ ဂူအမ်၊ အီရတ်၊ ကာဂျစ္စတန်၊ မွန်​ဂိုလီးယား၊ ယူ​အေအီး၊ စင်​ကာပူ၊ တာဂျီကစ္စတန်၊ တာ့ခ်​မင်​နစ္စတန်၊ မြန်​မာ အစရှိတဲ့ အသင်း​ပေါင်း ၁၂ သင်းက အုပ်​စု ၂ စုခွဲပြီး ပြန်​လည်​ယှဉ်​ပြိုင်​မှာ ဖြစ်​ပါတယ်။ အခု အုပ်​စု ဃ က​နေ ​ထိပ်​ဆုံးနှစ်သင်းဟာ လာမယ့်​ ၂၀၁၉ မှာ အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်​ အုပ်​စု ဂ ကို တက်​လှမ်းယှဉ်​ပြိုင်​ခွင့်​ ရမှာလည်းဖြစ်​ပါတယ်။ မြန်​မာတင်းနစ်​အားကစားအဖွဲ့ဟာ ၁၉၅၅ ခုနှစ်​ကတည်းက ဝင်​​ရောက်​ယှဉ်​ပြိုင်ခဲ့ပြီး​ ​အောင်​မြင်​မှု သမိုင်း​ကြောင်း​တွေ ရှိခဲ့​ပေမယ့် အခု​နောက်​ပိုင်းနှစ်​​တွေမှာ​တော့ ​အောင်​မြင်​မှု လုံးဝမရရှိသေးဘူးလို့ သိရပါတယ်။ ဒေးဗစ်ဖလားပြိုင်ပွဲဟာ နိုင်​ငံအလိုက် အဆင့်​သတ်​မှတ်​ချက်​နဲ့ အုပ်​စု​တွေ ပြန်​လည်​ခွဲပြီး ကစားတာဖြစ်​သလို ကမ္ဘာ့အ​ကောင်းဆုံး တင်းနစ်​ကစားသမား​တွေ ယှဉ်​ပြိုင်​တဲ့ ကမ္ဘာ့အဆင့်​အုပ်​စု၊ အ​မေရိကဇုန်​၊ ဥ​ရောပနဲ့ အာဖရိကဇုန်​၊ အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်​ဆိုပြီး ခွဲခြားထားပါတယ်​။ မြန်​မာတင်းနစ်​အားကစားအဖွဲ့အ​နေနဲ့ အရင်နှစ်​​တွေက ​အောင်​မြင်​မှုမရခဲ့​ပေမယ့်​ ဒီနှစ်​မှာ​တော့ အုပ်​စုတွင်း အမြင့်​ဆုံး​အောင်​မြင်​မှု ရရှိလိုတယ်​လို့ ကစားသမား​တွေက ပြောပါတယ်​။ ​လေ့ကျင့်​ချိန် နှစ်လနီးပါး ရခဲ့တာ​ကြောင့် ပြိုင်​ဘက်​နိုင်​ငံ​တွေကို အ​ကောင်းဆုံး ယှဉ်​ပြိုင်​နိုင်​ဖို့ ရှိနေ​ပေမယ့် အသင်းတိုင်းဟာ လက်​စွမ်း​ကောင်းမွန်​တာ​ကြောင့်​ အခက်​အခဲ​တွေ​တော့ ရှိနိုင်​မယ်​လို့ ဆိုပါတယ်​။

A d v e r t i s e m e n t With Us

More News
Up