ဒဂုံမြို့သစ်တွင် မီးလောင်
DVB
·
January 25, 2018
ရန်ကုန် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇) ရပ်ကွက်၊ ရတနာအိမ်ရာရှိ အမှတ်(၈၇) မှာ ဇန်န၀ါရီ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်မှာ မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရပါတယ်။
မီးလောင်ရာနေရာကို မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ် အစီး ၂၀ နဲ့ မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီအချိန်မှာ မီးထိန်းနိုင်ခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။
သတင်းနှင့်ဓာတ်ပုံ - Yangon Police