A d v e r t i s e m e n t With Us

သက်​ကြီးရွယ်​အိုပင်​စင်​ကို အသက်​ ၈၅ နှစ်​အထိ ​လျော့ချ​ပေးအပ်​မည်

  အခုဘဏ္ဍာနှစ်​ကစပြီး သက်​ကြီးရွယ်​အိုပင်​စင်​ကို အသက်​ ၈၅ နှစ်​အထိ ​လျော့ချ​ပေးအပ်​သွားဖို့ လွှတ်​တော်​က ခွင့်ပြုလိုက်​ပြီဖြစ်​တယ်​လို့ ပြည်​သူ့​ငွေစာရင်း ပူး​ပေါင်း​ကော်​မတီက ​ပြောပါတယ်​။ ဇန်​နဝါရီ ၂၅ ရက်​​နေ့ ပြည်​သူ့လွှတ်​​တော်​ ​ခေတ္တအနား​ပေးချိန်​မှာ သတင်းမီဒီယာ​တွေရဲ့ ​သက်​ကြီးရွယ်​အိုပင်​စင်​အတွက်​ ခွင့်ပြုထားတဲ့ ​ငွေစာရင်းနဲ့ပတ်​သက်​ပြီး ​မေးမြန်းချက်​အ​ပေါ် ​ပြည်​သူ့​ငွေစာရင်း ပူး​ပေါင်း​ကော်​မတီ ဒုတိယ ဥက္ကဋ္ဌ ဦး​​အောင်​မင်းက ​ပြောဆိုလိုက်​တာပါ။ “ဒီနှစ်​ဆိုရင်​ သက်​ကြီးရွယ်​အို ပင်​စင်​ကို အသက်​ ၈၅ နှစ်​က​နေစပြီး ​ပေးသွားမှာပါ။ အရင်​က အသက်​ ၉၀ ​ကျော်​​တွေကိုပဲ​ပေးတာ။ ဒါကနိုင်​ငံ​တော်​ဘတ်​ဂျက်​​ပေါ်မူတည်​ပြီး တဖြည်းဖြည်း တိုးမြင့်​​ပေးသွားမှာပါ။” သက်​ကြီးရွယ်​အိုပင်​စင်​​ပေးအပ်​မှုကို​တော့ လူမှုဝန်​ထမ်းကယ်​ဆယ်​​ရေးနှင့် ပြန်​လည်​​ နေရာချထား​ရေးဝန်​ကြီးဌာနက တာဝန်​ယူ​ပေးအပ်​​နေတာဖြစ်​ပြီး တဦးကို​ လစဉ်​ တစ်​​သောင်းကျပ်​တိတိ ​ထောက်​ပံ့​ပေး​နေတာဖြစ်​ပါတယ်​။ သတင်း - အောင်စိုးမိုး

A d v e r t i s e m e n t With Us

More News
Up