ဆော်ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ၂ ဦး သေဆုံး၊ တံတား ၂ စင်းပျက်စီး

1.1K
ယီမင်နိုင်ငံ ဆိုင်ဒါပြည်နယ်မှာ ဇန်န၀ါရီ ၂၄ ရက်က ဆော်ဒီအာရေဗျဦးဆောင်တဲ့ မဟာမိတ်တပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး တံတား၂ စင်းလည်း ပျက်ဆီးခဲ့ပါတယ်။
ဇန်န၀ါရီ ၂၄ ရက် လေကြောင်း တိုက်ခိုက်မှုမှာ ညီအကို ၂ ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ အဆိုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂ ရက်အတွင်း လူ ၃၀ ကျော်သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။
ယီမင်နိုင်ငံတွင်း စစ်ဘေးသင့်လာခဲ့တာ အခုဆို ၃ နှစ်နီးပါးရှိပြီဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။