ဆီးရီးယား ဒုံးကျည်များ တူရကီနယ်စပ်ကျရောက်မှုကြောင့် ၂ ဦး သေဆုံး

Image processed by CodeCarvings Piczard ### FREE Community Edition ### on 2018-01-24 18:48:33Z | http://piczard.com | http://codecarvings.com
1.4K
ဇန်န၀ါရီ ၂၄ ရက်က ဆီးရီးယားနယ်စပ် အာဖရင်ပြည်နယ်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ တူရကီနယ်စပ်မြို့ ကီလီကို ကျရောက်ခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံသား ၁ ဦးနဲ့ တူရကီနိုင်ငံသား ၁ ဦး သေဆုံးခဲ့ပြီး တခြားနေရာတွေမှာလည်း ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့တယ်လို့ ဒေသခံအစိုးရ အရာရှိတဦးက ပြောပါတယ်။
ဗလီကျောင်းတခုကို ထိမှန်ခဲ့တဲ့ ဒုံးကျည်ကြောင့် ၀တ်ပြုနေသူ ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယား ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့တွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးကို တူရကီစစ်တပ်က ဇန်န၀ါရီ ၂၀ ရက်က စတင်ခဲ့ပြီးနောက်ပိုင်း တူရကီနယ်စပ်မြို့တွေကို ဒုံးကျည်များစွာ ကျရောက်ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။