A d v e r t i s e m e n t With Us

သားသမီး ၁၃ ဦးအား နှိပ်စက်ခဲ့သည့် ဇနီးမောင်နှံကို ကလေးများနှင့် တွေ့ခွင့်ပိတ်ပင်

A combination photo of David Allen Turpin (L) and Louise Ann Turpin as they appear in booking photos provided by the Riverside County Sheriff's Department in Riverside County, California, U.S., January 15, 2018. Riverside County Sheriff's Department/Handout via REUTERS ATTENTION EDITORS - THIS IMAGE WAS PROVIDED BY A THIRD PARTY. THIS PICTURE WAS PROCESSED BY REUTERS TO ENHANCE QUALITY. AN UNPROCESSED VERSION HAS BEEN PROVIDED SEPARATELY
သားသမီး ၁၃ ဦးကို နှိပ်စက်ညှင်းပန်းမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်းက ဇနီးမောင်နှံကို သူတို့ကလေးတွေနဲ့ တွေ့ခွင့် တရားသူကြီးက ပိတ်ပင်လိုက်ပါတယ်။ တရားသူကြီးက ဒေးဗစ်တာပင်နဲ့ သူ့ဇနီးလူးဝစ်တို့ကို ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ပြုလုပ်တဲ့ ကြားနာမှုတခုမှာ အခုလို ပိတ်လိုက်တာပါ။ ဒါ့အပြင် ကလေးတွေကို အိမ်မှာပဲ စာသင်ပေးတဲ့ အခြေအနေ ပိုကောင်းအောင် လုပ်ဖို့ကိုလည်း တရားသူကြီးက တိုက်တွန်းလိုက်ပါတယ်။ အဲဒီဇနီးမောင်နှံဟာ အသက် ၂ နှစ်ကနေ ၂၉ နှစ်အထိရှိတဲ့ သူတို့ကလေးတွေကို နှိပ်စက်ညှဉ်းပန်းမှု၊ အကျဉ်းချမှုစွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်နေရတာပါ။ ပြစ်မှုထင်ရှားတယ်ဆိုရင် သူတို့နှစ်ဦးစလုံးဟာ  ထောင်ဒဏ် ၉၄ နှစ်ကနေ တသက်တကျွန်းအထိ ချမှတ်ခံရနိုင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up