တရုတ်မြောက်ပိုင်းတွင် နှစ် ၂၀ အတွင်း စံချိန်တင် ရာသီဥတု အေးခဲ

ဓာတ်ပုံ - ရိုက်တာ
အအေးလှိုင်းဖြတ်နေတဲ့ တရုတ်နိုင်ငံမြောက်ပိုင်း ဒေသတချို့မှာ နှစ် ၂၀ အတွင်း အအေးဆုံးကာလအဖြစ် စံချိန်တင်တဲ့အထိ ရာသီဥတုက အေးခဲနေပါတယ်။ မြောက်ပိုင်းပြည်နယ် ဟူပေက မြို့ပြနယ်မြေတချို့ရဲ့ အပူချိန်ကတော့ အနုတ် ၉ ဒီဂရီဆဲလ်စီးရပ်စ် ရှိပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်မှာတော့ အအေးလွန်ကဲမှု ပိုပြီး ပြင်းထန်နေပါတယ်။ ဂရိတ်တာ ကင်ဂန်း တောင်တန်းဒေသ ပတ်ဝန်းကျင်ရဲ့ အပူချိန်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ အပူချိန် အနုတ် ၄၃ ဒသမ ၇ အထိ ကျဆင်းခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း စံချိန်တင် အအေးဆုံးကာလတခုလည်း ဖြစ်ပါတယ်။ မြူနှင်းတွေနဲ့ ပိတ်ဖုံးနေတဲ့ ဒေသတွေမှာ သွားရေးလာရေးအတွက် အခက်အခဲတချို့ ရှိနေပါတယ်။ လေထဲကို ပစ်လိုက်တဲ့ရေ ချက်ချင်းခဲလောက်အောင် အေးတာမျိုးက ကြုံတောင့်ကြုံခဲပါပဲလို့ တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်က အလည်အပတ်ရောက်နေတဲ့ ဧည့်သည်တယောက်က ပြောပါတယ်။ လာမယ့်ရက်အနည်းငယ်အထိ အပူချိန် ဆက်လက်ကျဆင်းဖို့ ရှိနေတဲ့အကြောင်း ဟေးလုံကျန်းပြည်နယ် မိုးလေဝသဌာနရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up