ပဲခူးတိုင်းအစိုးရ လစ်လပ်ဝန်ကြီးနေရာ ၂ နေရာအတွက် လွှတ်တော်တွင် အဆိုတင်သွင်း

  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လစ်လပ်ဝန်ကြီးနေရာ နှစ်နေရာအတွက် ၀န်ကြီးသစ် ၂ဦးကို ခန့်အပ်ဖို့   ဒီနေ့ ကျင်းပတဲ့ ပဲခူးတိုင်းလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ကြပါတယ်။ ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ သယံဇာတ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်းကြီးနဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ၂ နေရာကို ဒီနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့တာပါ။ သနပ္ပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောညိုဝင်း ကို သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် အဆိုတင်သွင်း ပြီး စည်ပင်နှင့် လူမှုရေးဝန်ကြီးနေရာကို အုတ်ဖိုမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်ဌေး တို့ကိုခန့်အပ်ဖို့ ပဲခူးတိုင်းဝန်ကြီးချုပ်မှ အဆိုတင်သွင်းထား ပါတယ်။ အတည်ပြု ခန့်အပ်ဖို့ကိုတော့ နေ့လယ်ပိုင်း လွှတ်တော်အစည်းအဝေးမှာ အတည်ပြု ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်း - အောင်စိုးမိုး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up