A d v e r t i s e m e n t With Us

မဟာသီယာမိုဟာမက် မလေးရှားဝန်ကြီးချုပ်အဖြစ် အရွေးခံမည်ဟု သတင်းထွက်

ဓာတ်ပုံ - ရိုက်တာ
အသက် ၉၂ အရွယ်ရှိပြီဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဝင်အရွေးခံမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မဟာသီယာအနေနဲ့ ရွေးကောက်ပွဲ ဝင်အရွေးခံပါက ကမ္ဘာ့အသက်ကြီးဆုံး ဝန်ကြီးချုပ် ဝင်အရွေးခံသူ ဖြစ်လာမှာပါ။ အဲဒီလို ဝင်အရွေးခံမယ်ဆိုရင် မဟာသီယာအနေနဲ့ နိုင်ငံရဲ့ လူများစုဖြစ်တဲ့ အသက် ၂၀ နဲ့ ၃၀ အရွယ်ရှိ လူငယ်ထုရဲ့ ထောက်ခံမှုကို ရရှိဖို့ လိုအပ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် သုတေသီတဦးက “လောလောဆယ် မဟာသီယာအနေနဲ့ နိုင်ငံမှာ လိုအပ်တဲ့ တိုးတက်ပြောင်းလဲရေး ပေါ်လစီတွေကို အဆိုပြုဖို့ လိုအပ်ပါတယ်။ မလေးလူမျိုးတွေ အနေနဲ့လည်း အတွေ့အကြုံရှိ ခေါင်းဆောင်နှစ်ဦးထဲက တဦးကို ရွေးချယ်ရမယ့် အခြေအနေပါ။ အဲဒီရှုထောင့်က ကြည့်ရင်ပဲ ဒါဟာ တိုးတက်မှု မဟုတ်ပါဘူး။ အကန့်အသတ်ရှိနေပြီး အရင်အတိုင်းဖြစ်နေတဲ့ သဘောပါ” လို့ ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း မဟာသီယာဟာ မလေးရှားနိုင်ငံကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ အုပ်ချုပ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up