A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်  နာရင်ဒရာမိုဒီတို့ မနေ့ညက အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံရာမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး  မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း အဓိကကျတဲ့ သဘောတူ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ လုပ်ဆောင်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ် မိုဒီက သူ့ရဲ့လူမှုကွန်ရက် တွစ်တာမှာ ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယူးဒေလီမြို့မှာ ဇန်နဝါရီ ၂၅-၂၆ ရက်တွေမှာ ကျင်းပမယ့်  အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး ၂၅ နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံရဲ့ ၆၉ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up