A d v e r t i s e m e n t With Us

လီဂါနက်စ်ကို ရှုံးပြီး ရီးရဲလ်မက်ဒရစ် စပိန်ဘုရင့်ဖလားမှ ထွက် (ရုပ်သံ)

စပိန်ဘုရင့်ဖလား (ကိုပါဒယ်လ်ရေး) ပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လာလီဂါထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ လီဂါနက်စ်တို့ မနေ့က ယှဉ်ပြိုင်ရာ လီဂါနက်စ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်က ရီးရဲလ်မက်ဒရစ်က ၁ ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီဖြစ်ပေမယ့် အဝေးဂိုးစည်းမျဉ်းအရ လီဂါနက်စ် အနိုင်ရပြီး နောက်တဆင့် တက်ရောက်သွားတာပါ။ အိမ်ရှင် ရီးရဲလ်မက်ဒရစ်ဟာ ဒီနေ့ပွဲမှာ တိုက်စစ်မှူး ရော်နယ်လ်ဒို အပါအဝင် အဓိက ကစားသမားတချို့ကို အနားပေးခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာ ရီးရဲလ်နောက်တန်း အမှားကတဆင့် လီဂါနက်စ်ကစားသမား အီရာစိုက ရီးရဲလ်ဂိုးဧရိယာအစပ်ကနေ အပြင်းကန်သွင်းပြီး အဖွင့်ဂိုးရယူပေးခဲ့ပါတယ်။ ဒီနောက် ပွဲချိန် ၄၇ မိနစ်မှာ ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာက ချေပဂိုး ပြန်သွင်းယူခဲ့ပေမယ့် ၅၅ မိနစ်မှာ လီဂါနက်စ်က တဂိုးထပ်သွင်းပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ အသာစီးယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းမှုမှာလည်း အပြတ် အသာစီးရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ သွင်းယူနိုင်ခြင်းမရှိဘဲ အရှုံးပေးခဲ့ရတာပါ။ စပိန် လာလီဂါ အမှတ်ပေးပွဲမှာလည်း ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၁၉ မှတ်အထိ ကွာဟပြီး အဆင့် ၄ နေရာမှာပဲ ရပ်တည်နေနိုင်တဲ့ ရီးရဲလ်အတွက် အခုရှုံးပွဲကြောင့် နည်းပြ ဇီဒန်းအပေါ် ဖိအားတွေ ထပ်မံကျရောက်ခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up