Home
မြန်မာသတင်း
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဝင်ငွေခွန်အများဆုံး ပေးဆောင်
ပိုင်စိုး
·
January 25, 2018
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတွေထဲမှာ ဝင်ငွေခွန် အများဆုံး ပေးဆောင်ထားတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ ၂၀၁၆-၁၇ စည်းကြပ်နှစ်အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ကျပ်သန်းပေါင်း ၁ သိန်းနဲ့အထက် ဝင်ငွေခွန်ပေးထားပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ မြန်မာ့သစ်လုပ်ငန်းတို့ဟာလည်း ကျပ်သန်းပေါင်း ၁ သိန်းနဲ့အထက် ဝင်ငွေခွန် ပေးသွင်းထားတာပါ။ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းကတော့ ကျပ်သန်းပေါင်း ၂ သောင်းနဲ့ အထက် ဝင်ငွေခွန် ပေးသွင်းတယ်လို့ ဖော်ပြထားပါတယ်။ ကျပ်သန်း ၂ သောင်းအောက် ပေးသွင်းတဲ့ လုပ်ငန်းတွေထဲမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ လုံခြုံရေးနဲ့ဆိုင်သော ပုံနှိပ်လုပ်ငန်း၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လုပ်ငန်းတို့ ပါဝင်ပါတယ်။ ကျပ်သန်း ၁ သောင်းအောက် ပေးသွင်းတဲ့ လုပ်ငန်းတွေထဲမှာ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့နဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း စတာတွေ ပါနေပါတယ်။ ဝင်ငွေခွန် အလွှာတွေကို ကျပ်သန်း ၅ ထောင်အောက်၊ ကျပ်သန်း ၅၀၀ အောက်နဲ့ ကျပ်သန်း ၅၀ အောက်လို့လည်း ခွဲခြားဖော်ပြထားပါတယ်။ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေး၊ တပ်မတော် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း စတာတွေကတော့ ကျပ်သန်း ၅၀ အောက် ဝင်ငွေခွန် ပေးထားတယ်လို့ ဆိုပါတယ်။ ဝင်ငွေခွန် အများဆုံး ပေးဆောင်ခဲ့တဲ့ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းပေါင်း ၃၂ ခု ရှိပါတယ်။ ဓာတ်ပုံ - MOGE
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024