A d v e r t i s e m e n t With Us

ချဲလ်ဆီးကိုအနိုင်ယူပြီး အာဆင်နယ် လိဂ်ဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

အင်္ဂလန်လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ မနေ့က ယှဉ်ပြိုင်ရာ အာဆင်နယ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ချဲလ်ဆီးကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က ဂိုးမရှိ သရေကျခဲ့တာပါ။ အာဆင်နယ်ဟာ ဒီနေ့ပွဲမှာ ဂိုးသမားအဖြစ် အော့စ်ပင်နာ၊ နောက်တန်း ဘယ်လာရင်၊ ကိုစီယယ်နီ၊ မူစတာဖီ၊ မွန်ရီယယ်၊ အလယ်တန်း ဝီလ်ရှီးယား၊ အယ်လ်နန်နီ၊ ရှာခါနဲ့ ရှေ့တန်းမှာ အိုဇေးလ်၊ လာကာဇက်တီ၊ အိုင်ဝိုဘီတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကလည်း ဂိုးသမားအဖြစ် ကာဘယ်လာရို၊ နောက်တန်းမှာ အက်ဇ်ပီလီကျူတာ၊ ခရစ္စတန်ဆန်၊ ရူဒီဂါ၊ ကွင်းလယ်မှာ အလွန်ဆို၊ ဘာကာယိုကို၊ မော့ဆက်၊ ကန်တေးနဲ့ ရှေ့တန်းမှာ ဝီလီယံ၊ ပက်ဒရို၊ ဟာဇက် တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ ၄-၃-၃ ကစားကွက်နဲ့ တိုက်စစ်အားပြုပြီး အပြန်အလှန် ကစားခဲ့ကြတဲ့အတွက် ကြည့်ကောင်းတဲ့ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းမှာတော့ နှစ်ဖက် မတိမ်းမယိမ်း ရှိခဲ့တာပါ။ ပွဲအစ ၇ မိနစ်မှာပဲ ချဲလ်ဆီးတိုက်စစ်မှူး ဟာဇက်က အဖွင့်ဂိုးသွင်းပြီး ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၂ မိနစ်မှာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါ ကိုယ့်ဂိုးကိုယ်သွင်းမိရာက အာဆင်နယ် ချေပဂိုးရခဲ့သလို မိနစ် ၆၀ မှာ ကွင်းလယ်လူ ရှာခါက အနီးကပ် ပိတ်သွင်းခဲ့တဲ့အတွက် အာဆင်နယ် အနိုင်ဂိုးရပြီး အောင်ပွဲဆင်နိုင်ခဲ့တာပါ။ ဒီပွဲအနိုင်ရတဲ့ အာဆင်နယ်အသင်းဟာ လိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲအဖြစ် လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up