A d v e r t i s e m e n t With Us

FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှု တရားခံတယောက်ဖမ်းမိ

FDA က ဝန်ထမ်းအမျိုးသမီးတယောက် အသတ်ခံရတာနဲ့ပတ်သက်တဲ့ တရားခံတယောက် ဖမ်းမိပြီလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဒုကြီးကြပ်ရေးမှူးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် မရွှေရည်ဝင်းဟာ ဇန်နဝါရီ ၂၀ ရက်ညက ဒဂုံမြို့နယ်မှာရှိတဲ့ သူ့နေအိမ်ကထွက်သွားပြီး ပြန်မရောက်လာလို့ လူပျောက်တိုင်ထားခဲ့ပါတယ်။ နောက်နေ့ မနက်ပိုင်းမှာတော့ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ငမိုးရိပ်ချောင်းကူး တံတားဘေးမှာ ဒဏ်ရာတချို့နဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။ ပြစ်မှုကျူးလွန်သူတွေကို ခရိုင်လေးခုက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှုခင်းရဲတပ်ဖွဲ့က  စုံစမ်းခဲ့ကြပြီး ဒီနေ့ မွန်းလွဲမှာ ဖမ်းမိတာလို့ ဆိုပါတယ်။ ဒဂုံမြို့သစ် မြောက်ပိုင်းနေ ယာဉ်မောင်းလုပ်ကိုင်တဲ့ အသက် ၂၇ နှစ်အရွယ် မျိုးဇော်ဦးကို မင်္ဂလာဈေးမှာ မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းက နယ်ထိန်းအရာရှိနဲ့ အဖွဲ့က ဖမ်းဆီးမိတာလို့ ဖော်ပြထားပါတယ်။ ညနေ ၃ နာရီအချိန်မှာ မျိုးဇော်ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကို လွှဲပြောင်းပေးခဲ့ပြီး အမှုနဲ့ပတ်သက်တဲ့ သက်သေခံပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up