အာဖဂန်နစ္စတန်နိုင်ငံ၊ ဂျလာလာဘတ်မြို့ရှိ Save the Children ရုံးကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတခု ဇန်နဝါရီ ၂၄ ရက်က ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီအဖြစ်အပျက်ဟာ အသေခံကားဗုံးဖောက်ခွဲမှု ဖြစ်နိုင်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
သေနတ်သမားတွေဟာ ရုံးအဆောက်အအုံ အထပ်မြင့်ကနေ စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူဆရကြောင်းလည်း ဘီဘီစီသတင်းက ဆိုပါတယ်။
ရိုက်တာသတင်းဌာနကရရှိတဲ့ ဗွီဒီယိုမှာတော့ Save the Children ရုံးနားမှာ မီးခိုးတွေထွက်နေသလို သေနတ်ပစ်ခတ်သံတွေကိုလည်း ကြားရပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ မသိရသေးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။