A d v e r t i s e m e n t With Us

လားဟူတိုင်းရင်းသား ရိုးရာနှစ်​သစ်​ကူးပွဲ​တော်​ ​မိုင်းတုံမြို့နယ်​တွင် တပတ်​ကြာကျင်းပ

  ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်​မှာ တပို့တွဲလဆန်း ၁ ရက်​​နေ့ကနေ ၇ ရက်​​နေ့အထိ လားဟူတိုင်းရင်းသားရိုးရာဓ​လေ့ နှစ်​သစ်​ကူးပွဲ​တော်​ကို​ ဒေသခံလားဟူ တိုင်းရင်းသား​တွေ စု​ပေါင်းပြီးကျင်းပပါတယ်​။ ပွဲ​တော်​ကျင်းပရာကွင်းမှာ ရိုးရာဓ​လေ့အရ ယစ်​နတ်​ပူ​ဇော်​ထားရှိပြီး တ​နယ်​လုံးမှာရှိတဲ့ လားဟူတိုင်းရင်းသား​တွေက​ ကျေးရွာအုပ်​စုအလိုက်​ အပြန်​အလှန်​သွားလာပြီး အကြီးအကဲ သက်​ကြီးရွယ်​အိုတွေကို လက်​​ဆေးမင်္ဂလာဆင်​နွှဲ နှစ်​သစ်​အတွက် ​ဆုမွန်​​ကောင်း​တောင်းကြတဲ့ ရိုးရာအစဉ်​အလာပွဲ​တော်​ဖြစ်​ပါတယ်​။ လားဟူတိုင်းရင်းသား ​ယဉ်​​ကျေးမှု​ကော်​မတီဝင်​ ဦးကျဟယ်​သဲ က​ “နှစ်​သစ်​ကူးပွဲ​တော်​ကို ၇ ရက်​ သတ်​မှတ်​ထားပြီး တ​ရွာနဲ့တ​ရွာ တ​အုပ်​စုနဲ့တ​အုပ်​စု လှည့်လည်​သွားလာပြီး တိုင်းရင်းသား ​တွေ ချစ်​ခင်​ရင်းနှီးစည်းလုံးကြဖို့နဲ့ ဝက်​သား​ခေါပုတ်​​တွေနဲ့ ကုသိုလ်​လုပ်​ကြတာပါ။ ပွဲ​တော်​ကို ၇ ရက်​သတ်​မှတ်​ထားတာက ​ရှေးတုန်းက​ ယောက်ျား​တွေ စစ်​တိုက်​သွား​နေတဲ့အခါ ထင်းရှူးပင်​က အဖူးအညွန့်​​လေး​တွေထွက်​တဲ့ အခုလို ရာသီနှစ်​သစ်​ကူး အချိန်​မှာ ကျန်​ရှိ​နေတဲ့မိန်းမ​တွေက နှစ်​သစ်​ကူးပွဲလုပ်​ခဲ့ကြတယ်​။ ပွဲ​တော်​ ​လေးရက်​​မြောက်​​နေ့မှာ ​ယောက်ျား​တွေပြန်​​ရောက်​လာ​တော့ ထပ်​ပြီးလုပ်​ကြရာက​နေ မိန်းမနှစ်​သစ်​ကူး ၄ ရက်၊ ​​ယောက်ျား နှစ်​သစ်​ကူး ၃ ရက်​ဆိုပြီး ဓ​လေ့ထုံးစံဖြစ်​​ပေါ်လာတာပါ”လို့ ပြောပါတယ်​။ ပွဲ​တော်​ရက်​အတွင်း ရိုးရာဓ​လေ့ ချည်​ထုပ်​ပစ်​ဖမ်းကစားတာ၊ ရိုးရာဂျင်​​ပေါက်​ ကစားတာနဲ့ ဒိုးပစ်​ကစားတာတွေကို​ ကျေးရွာအလိုက်​ ယှဉ်​ပြိုင်​ကစားခဲ့ကြပြီး တိုင်းရင်းသား​ ခေါင်း​ဆောင်​အကြီးအကဲတွေနဲ့ ယဉ်​​ကျေးမှု​ကော်​မတီက ဆုတွေချီးမြှင့်ပေးခဲ့ပါတယ်​။ ပွဲ​တော်​​နောက်​ဆုံးရက်​မှာ​ တိုင်းရင်းသား​ခေါင်း​ဆောင်​အကြီးအကဲတွေသာမက မြို့နယ်​ အတွင်းမှာရှိတဲ့ ရို​သေ​လေးစားထိုက်​သူအားလုံးကို လှည့်လည်​သွားလာ လက်​​ဆေးကန်​​တော့ပြီး ​ကောက်​ပဲသီးနှံတွေ ​အောင်​မြင်​ဖြစ်​ထွန်းပါ​စေ​ကြောင်း ဆုမွန်​​ကောင်း​တောင်း​ခံတဲ့ ရိုးရာဓ​လေ့ လည်း ဖြစ်​ပါတယ်။ သတင်း - ကျော်ဇေယျ

A d v e r t i s e m e n t With Us

More News
Up