နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်များ ပါဝင်ဆင်နွှဲသည့် လမ်းလျှောက်ချီတက်ပွဲ (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ထောင်သောင်းချီတဲ့ အမျိုးသမီးတွေဟာ တန်းတူညီမျှမှု အခွင့်အရေးတွေ ရရှိနိုင်ဖို့ လမ်းလျှောက်ချီတက်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နေ့က ဆင်နွှဲခဲ့ကြတယ်လို့ အယ်လ်အေတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး အမျိုးသမီးတွေဟာ လော့စ်အိန်ဂျလိစ်မြို့လယ် လမ်းမတွေတလျှောက် ချီတက်ခဲ့ကြတာဖြစ်ပြီး တချို့ကတော့ ဒရမ်တွေ တီးခတ်ကြကာ တက်တက်ကြွကြွ ဆင်နွှဲခဲ့ကြတာကို တွေ့ရပါတယ်။ တချို့အမျိုးသမီးတွေကတော့ လက်ထဲမှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်တဲ့ အမှိုက်ထရမ့်လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားခဲ့ကြတာပါ။ ပါရှင်းစကွဲမှ မနက်ခင်း ၈း၃၀ နာရီမှာ စတင်စုဝေးခဲ့ကြတဲ့ အမျိုးသမီးအုပ်စုကြီးဟာ ၁၀ နာရီမှာတော့ ဂရန်းပါ့ခ်ဆီ ရောက်ရှိခဲ့ကြကာ ၁၁ နာရီမှာတော့ မြို့တော်ခန်းမဆီ ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီချီတက်လမ်းလျှောက်ပွဲမှာ နာမည်ကျော်တွေဖြစ်တဲ့ ဟောလိဝုဒ်သရုပ်ဆောင် စကားလက်ဂျိုဟန်ဆန်၊ နာတာလီပို့တ်မန်းနဲ့ လာဗင်းကောက်စ်တို့လည်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီလှုပ်ရှားမှုဟာ အထူးသဖြင့် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ ကာအိနြေ္ဒပျက်ပြားအောင် နှောင့်ယှက်စော်ကားခံရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကြောက်ရွံ့လို့ဖြစ်ဖြစ်၊ ရှက်လို့ဖြစ်ဖြစ် မျိုသိပ်ဖုံးကွယ်ထားခဲ့ကြသူတွေရဲ့ ဖြစ်ရပ်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာကြတဲ့ လှုပ်ရှားမှုလည်း တစိတ်တပိုင်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံ - Los Angeles Times

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up