Home
မြန်မာသတင်း
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကျင်းပ
ပိုင်စိုး
·
January 24, 2018
27045294_1534519316666550_1584317029_n
27399735_1534519676666514_20043301_n
27292442_1534519326666549_695424396_n
27157278_1534519569999858_1891469576_n
27153331_1534519339999881_1099111088_n
27044829_1534519389999876_322464855_n
  ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို ဒီနေ့ မနက်ပိုင်းကစပြီး ကျောင်းထဲမှာ ကျင်းပနေပါတယ်။ ဒီရွေးကောက်ပွဲမှာ ပါမောက္ခချုပ်က ရွေးချယ်ပေးထားတဲ့ ဆရာတွေလည်း ရွေးကောက်ပွဲ သဘာပတိ အဖြစ် ပါဝင် ဆောင်ရွက်နေတာပါ။ လက်ရှိ သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ကိုသင့်မြတ်ဇေသွင်က “ပါမောက္ခချုပ် ရွေးပေးတဲ့ ဆရာ ၃ ယောက်၊ ဆရာများသမဂ္ဂက ရွေးပေးတဲ့ ကိုယ်စားလှယ် ၃ ယောက်နဲ့ လက်ရှိ သမဂ္ဂကရွေးတဲ့ ကိုယ်စားလှယ် ၉ ယောက်နဲ့ သဘာပတိအဖွဲ့ ဖွဲ့ထားပါတယ်။ ဝင်ပြိုင်ကြတာ ကတော့ Unity & Progress ရယ်၊ Future The Dagon ဆိုတဲ့ ကျောင်းသား အဖွဲ့ ၂ ခုက ကျောင်းသားတွေ အဓိက ဝင်ပြိုင်ကြပါတယ်။ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာလည်း ရှိပါတယ်” လို့ ပြောပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ သမဂ္ဂဝင်လောင်းကတော့ ၃၁ ယောက်ရှိပါတယ်။  ကျောင်းနားနေဆောင်နဲ့ စာသင်ခန်းတခုမှာ မဲရုံနှစ်ရုံဖွင့်ထားပြီး မနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ရွေးကောက်ပွဲကျင်းပနေရာမှာ နေ့လယ် ၂ နာရီခွဲအချိန်အထိ လူ ၄၀၀၀လောက် မဲပေးပြီးသွားပြီလို့သိရပါတယ်။ ဒီနှစ်မှာတော့ ဒဂုံတက္ကသိုလ် အဝေးသင်ကျောင်းသားတွေလည်း ဝင်ရောက်ယှဉ်ပြိုင်၊ မဲပေးလို့ရတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - သင့်မြတ်ဇေသွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024